ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ရာထူး တာ၀န် စတင် လွှဲပြောင်း ထမ်းဆောင်ခြင်း

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး၀င်းခန့်သည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ရာထူးတာဝန် ဝတ္တရားများအား အထွေထွေ မန်နေဂျာ (ဦးဆောင်ညွှန်ကြားရေးမှူး ပူးတွဲ) ဦးမောင်မောင်လွင် ထံမှ (၆.၃.၂၀၁၅) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ လွှဲပြောင်း ထမ်းဆောင်ပါသည်။