၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လွန်းကျင်းလမ်းများ အကြီးစား ပြုပြင်ခြင်းနှင့် ရှေးဟောင်းအဆောက်အအုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်ရှိသည့်အတွက် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ခြင်း။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလသင်္ဘောကျင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လွန်းကျင်းလမ်းများ အကြီးစား ပြုပြင်ခြင်းနှင့် ရှေးဟောင်းအဆောက်အအုံ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည့်အတွက် အမှတ်(၅၀)၊ ပန်းဆိုးတန်း၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်) တွင် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။