စက်ပြင်ဌာနခွဲ

  • စက်ပြင် ဌာနခွဲအား အလုံ သင်္ဘောကျင်းဝင်း အတွင်း ၁၉၀၄ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ ပါသည်။
  • ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးရှိ ရေနွေးငွေ့စက်၊ ဘွိုင်လာများ၊ ဒီဇယ် စက်မကြီးများ၊ မီးစက်များ၊ ပဲ့ချိတ်စက်များကို ပြုပြင်နိုင်ရန် ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၅၇ ခုနှစ်တွင် I.C.A loan ခေါ် International Credit Assistant Laan ဖြင့် အလုံ သင်္ဘောကျင်း အမှတ် (၅) ကျင်းကို တည်ဆောက်ခဲ့ပြီး T Class ရေယာဉ် (၆၃) စင်း ရောက်ရှိခဲ့ ပါသည်။ မြစ်ဝကျွန်းပေါ် ခရီးသွား ပြည်သူများနှင့် ဧရာဝတီမြစ်ရိုး တလျှောက် ရန်ကုန်-ပြည်၊ ပြည်-မန္တလေး ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့စွာ ယနေ့တိုင် သွားလာလျှက် ရှိပါသည်။
  • ၁၉၇၅-၁၉၇၆ ခုနှစ်တွင် World Bank loan ဖြင့် Volvo Penta နှင့် Schottel sets (37) sets၊ MWM D 226 မီးစက် (၃၄) sets၊ Deutz F2L411D (62) sets ရရှိခဲ့သဖြင့် မြန်မာ့ရေနံသို့ လွှဲပေးလိုက် ရသော ဆင်ပြောင်၊ ဆင်ကြီးနှင့် တွဲများ အစား ဘ-၈၀ဝ (၁၃) စင်း၊ ဇက် (၁၁) စင်းကို စက်များ တပ်ဆင်ပြီး ကုန်များကို အလျင်မှီ ပို့ဆောင်ပေး နိုင်ခဲ့ပါသည်။
  • ၁၉၇၈-၁၉၇၉ ခုနှစ်တွင် Natherland Grant ဖြင့် DAF Schottel (၄) စုံ ရရှိခဲ့ပြီး ဇက်ဝမ်း ထိုင်များကို ပဲ့ချိတ်စက် များ ပြောင်းလဲ တပ်ဆင်ခဲ့ပါသည်။
  • ၁၉၇၉-၁၉၈၀ ခုနှစ်တွင် O.E.C.F Over Seal Economic Co-operative Fun Loan ဖြင့် ဆခ (၁၃) စင်းတွဲ (၂၆) စင်းကို ဂျပန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မြစ်ဝကျွန်းပေါ်မှ ဆန်များကို အလျင်မှီအောင် သယ်ယူပေးခဲ့ပါသည်။
  • ၁၉၈၀-၁၉၈၁ ခုနှစ်တွင် KELVIN Loan ဖြင့် England မှ အင်ဂျင် (၉၅) လုံး မီးစက် KELVIN P2 များရရှိခဲ့ပြီး၊ စက်စွမ်းအား ကျနေသော T-Class နှင့် S-Class ဗန္ဓုလ၊ ဗန္ဓက၊ ဘုရင့်နောင်နှင့် N-Class ရေယာဉ်များ စက်များ လဲလှယ် တပ်ဆင်ပြီး ဧရာဝတီ တစ်ခေတ်ဆန်း ခဲ့ပါသည်။
  • ၁၉၉၃-၁၉၉၄ ခုနှစ်တွင် Y.M.C ချေးငွေဖြင့် တရုတ်ရေ ယာဉ်သစ်များ ဝယ်ယူခြင်း၊ ပြည်တွင်း၌ တည်ဆောက်ခြင်း၊ ဗညား/ဗလရေယာဉ် (၉) စင်း၊ သုံးထပ် ရေယာဉ် (၆) စင်း၊ ပြည်ကြီးတံခွန် ရေယာဉ် (၄) စင်း၊ သလ္လာဝတီ (၆) စင်း၊ ဆင်ဟိုင်း (၅) စင်း၊ ကြံ့ ရေယာဉ်များ စက်သစ်လဲခြင်း၊ ပေါင်းတည်၊ ပန်းတော်၊ ပြဒါးပျံ၊ ပွင့်ဖြူ၊ ပုံညာ၊ တပြည်သူ၊ ပင်လုံ ရေယာဉ်ကြီး (၇) စင်းအား စက်သစ် တပ်ဆင်ခြင်း၊ ပပဝင်းနှင့် ချမ်း (၃) စင်း စက်သစ် တပ်ဆင်ခြင်း၊ စုစုပေါင်း MWM TBD 234 အင်ဂျင် အလုံးပေါင်း (၁၈၀) လုံး၊ Schottel အချောင်း (၂၀) ရယူခဲ့ပြီး ခေတ်မီသော စနစ်များဖြင့် ခရီးသည်များ သက်တောင့် သက်သာ သွားလာနိုင်အောင် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။
  • ယခုအခါ အလုံ သင်္ဘောကျင်းအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် နေရာသစ်တွင် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း အမည်ဖြစ် ပြောင်းရွှေ့ခဲ့ရာ စက်ပြင် ဌာနခွဲကိုပါ တစ်ပါတည်း ပြောင်းရွှေ့ ခဲ့ပါသည်။