ရေဘေး ကယ်ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အကူအညီပေးရန် အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ "ဇက်-၁၀၈" ရေယာဉ်အား ကလေးဝမြို့သို့ စေလွှတ်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ရေဘေး ကယ်ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အကူအညီပေးရန် အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ "ဇက်-၁၀၈" ရေယာဉ်အား ကလေးဝမြို့သို့ စေလွှတ်

iwt

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ရေဘေး ကယ်ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌ မော်တော်ယာဉ်နှင့် ကုန်စည်များ သယ်ယူ ပို့ဆောင်ရာတွင် အသုံးပြုနိုင်ရန် အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ချင်းတွင်းဌာနခွဲမှ ဇက်-၁၀၈ ရေယာဉ်အား ရေယာဉ်ဝန်ထမ်း (၁၃) ဦးလိုက်ပါ၍ (၈.၈.၂၀၁၅) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် မုံရွာမြို့မှ ကလေးဝမြို့ သို့ စေလွှတ်ခဲ့ရာ (၁၀.၈.၂၀၁၅) ရက်နေ့တွင် မင်းကင်းမြို့သို့ ရောက်ရှိခဲ့ပြီး၊ (၁၁.၈.၂၀၁၅) ရက်နေ့ (၀၄:၀၀) နာရီအချိန်တွင် ကလေးဝမြို့သို့ ဆက်လက် ထွက်ခွာလျက် ရှိပါကြောင်း အများပြည်သူသို့ အသိပေးကြေညာ အပ်ပါသည်။