မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ် မိုးလေဝသ သတင်း

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
နေ့စဉ် မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန် ထုတ်ပြန်ချက်)

  • ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ။  ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေ ပါသည်။
  • မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီး နှင့်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်ဒေသ အလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့်ဖြစ် ပါသည်။
  • မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင် ပါသည်။
  • နောက် (၂) ရက်အတွက် ခန့်မှန်းချက်။  မုတ်သုံလေ ဆက်လက် အားကောင်းနေမည်။
  • နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။  မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ် ပါသည်။
  • ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ မိုး အသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
  • မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။   မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။
  • လာမည့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွက် မိုးလေဝသ ခန့်မှန်းချက်။ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာမည်။
     


Myanmar Weather

(၃၁.၇.၂၀၁၅) ရက်နေ့၊ (၁၃:၃၀) နာရီ အချိန် ထုတ်ပြန်သည့် ဆိုင်ကလုန်း မုန်တိုင်း “ကိုမန် (Komen)”  သတင်း

  • (၃၁.၇.၂၀၁၅) ယနေ့ မြန်မာ စံတော်ချိန် (၁၃း၃၀) နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျား လျက်ရှိပြီး ယနေ့မွန်းလွဲမှ နောက် (၁၂) နာရီအတွင်း တဖြည်းဖြည်း အားပျော့ သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေ ပါသည်။
     

http://www.weather-forecast.com/maps/Myanmar

weather

(၃၀.၇.၂၀၁၅) ရက်နေ့၊ (၁၈:၀၀) နာရီ အချိန် ထုတ်ပြန်သည့် ဆိုင်ကလုန်း မုန်တိုင်း “ကိုမန် (Komen)”  သတင်း

  •  (၃၀.၇.၂၀၁၅) ယနေ့ မြန်မာ စံတော်ချိန် (၁၈:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်"(Komen) သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသကို စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်လျှက် ရှိပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေ ပါသည်။
     

http://www.weather-forecast.com/maps/Myanmar

weather

(၃၀.၇.၂၀၁၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီ အချိန် ထုတ်ပြန်သည့် ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” သတင်း

  • (၃၀.၇.၂၀၁၅) ယနေ့မြန်မာ စံတော်ချိန် (၁၀:၃၀) နာရီ အချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် ပိုမို အားကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း ကိုမန် အဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၁၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် (၅၀) ခန့် ၊မြန်မာနိုင်ငံ ၊မောင်တောမြို့၏ အနောက်မြောက်ဘက် (၈၅) မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် (၁၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင် အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည် ၍မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းမြောက် ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ် ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေ ပါသည်။
     

အားကောင်းသော မုန်တိုင်းငယ် အ‌ခြေအနေ
(၃၀.၇.၂၀၁၅) ရက်နေ့၊ နံနက်(၀၆:၀၀) နာရီ အချိန် ထုတ်ပြန်ချက်)

  • (က) ယနေ့ မြန်မာ စံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ် သည် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ကော့ဘဇားမြို့၏ အနောက်မြောက်ဘက် (၅၀) မိုင်ခန့်၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် (၃၅) မိုင်ခန့် ၊မြန်မာနိုင်ငံ ၊မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင် (၉၀) ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် (၁၄၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
  • အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည် ၍မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်း မြောက် ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ် ပါသည်။
  • အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည်မြန်မာ စံတော်ချိန် (၀၅:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၂၂.၀) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၃) ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၃) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်နှုန်း ဖြစ်ပါသည်။

နောက် (၂၄) နာရီ အတွင်း ခန့်မှန်းချက်

  • အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ ညနေ မှနောက် (၂၄) နာရီ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်း‌ခြေကို စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရ ပါသည်။
  • အားကောင်းသော မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်စဉ် မောင်တော ခရိုင်ဒေသတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိနှင့် စစ်တွေခရိုင် ဒေသတွင် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းရ ပါသည်။
  • မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင် ပါသည်။
  • အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈) ပေမှ (၁၀) ပေ အထိနှင့် စစ်တွေခရိုင် ကမ်းခြေဒေသတွင် (၆) ပေမှ (၈) ပေအထိ မြင့်တက် လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

  • အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ဒေသအလိုက် မိုးကြီးခြင်း ၊လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့်မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။
  • စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ၊နေရာကွက်၍ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့်မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။

အကြံပြုချက်

  • မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် အထူးသတိပြုရန် အကြံပြုအပ် ပါသည်။
     

http://www.weather-forecast.com/maps/Myanmar

weather

အားကောင်းသော မုန်တိုင်းငယ် အ‌ခြေအနေ
(၂၉.၇.၂၀၁၅) ရက်နေ့၊ ညနေ (၁၉:၀၀) နာရီ အချိန် ထုတ်ပြန်ချက်)
အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀)၊၂၀၁၅

အားကောင်းသော မုန်တိုင်းငယ် အ‌ခြေအနေ

  • (က)    ယနေ့မြန်မာ စံတော်ချိန် (၁၈း၃၀)နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသည့်  အားကောင်းသော မုန်တိုင်းငယ် သည်မြောက်-အရှေ့မြောက် ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ကော့ဘဇားမြို့၏ အနောက်-အနောက်မြောက် ဘက် (၃၅) မိုင်ခန့်၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် (၅၅) မိုင်ခန့် ၊မြန်မာနိုင်ငံ ၊မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင် (၇၀) ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် (၁၁၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။
  • (ခ)     အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည် ၍မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက် ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ် ပါသည်။

အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

  • (က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာ စံတော်ချိန် (၁၈:၃၀)နာရီ အချိန်တွင် မြောက် လတ္တီကျု (၂၁.၅) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၄) ဒီဂရီတွင် ရှိပီး၊ ဗဟိုချက်လေဖိအား (၉၉၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီ လျှင် (၄၅) မိုင်နှုန်းဖြစ် ပါသည်။

နောက် (၃၆) နာရီ အတွင်း ခန့်မှန်းချက်

  • (က) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ညနေ မှနောက် (၃၆) နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်း‌ခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရ ပါသည်။
  • (ခ) အားကောင်းသော မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် စဉ်မောင်တော ခရိုင်ဒေသတွင် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိနှင့် စစ်တွေ ခရိုင်ဒေသတွင် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းရ ပါသည်။
  • (ဂ) မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင် ပါသည်။
  • (ဃ) အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်း ဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀) ပေအထိနှင့် စစ်တွေခရိုင် ကမ်းခြေ ဒေသတွင် (၆) ပေမှ (၈) ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

  • (က) အဆိုပါ  အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ဒေသအလိုက် မိုးကြီးခြင်း ၊လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း နှင့်မြေပြိုခြင်း များဖြစ်ပေါ်နိုင် ပါသည်။
  • (ခ)  စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ၊နေရာကွက်၍ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။

အကြံပြုချက်

(က) မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူး သတိပြုရန် အကြံပြုအပ် ပါသည်။
 


http://www.weather-forecast.com/maps/Myanmar

weahter

weather
weather

(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီ အချိန် ထုတ်ပြန်ချက်) မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၈)၊၂၀၁၅

မုန်တိုင်းငယ်အခြေအနေ
(က) ယနေမြန်မာ စံတော်ချိန် (၁၆:၃၀) နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ ့မြောက်ဘက်သို့ အနည်းငယ် ရွေ ့လျား ခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ကော့ဘဇားမြို့၏ အနောက်တောင်ဘက် (၅၅) မိုင်ခန့်၊ စစ်တကောင်းမြို့ ၏တောင်-အနောက်တောင်ဘက် (၈၅) မိုင်ခန့် ၊မြန်မာနိုင်ငံ ၊မောင်တောမြို့၏ အနောက်မြောက် ဘက် (၇၅) မိုင်ခန့် နှင့် စစ်တွေမြို့၏ အနောက်မြောက် ဘက် (၁၁၅) မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။

(ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေ အနေမှာ အဝါရောင် အဆင့်ရှိသော်လည်း ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း စွန်းနှင့် နီးကပ်နေပါသဖြင့်၊ ထူးခြားမှုရှိ ပါက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သွား မည်ဖြစ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေ ဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၀၆:၃၀) နာရီ အချိန် တွင် မြောက်လတ္တီကျု (၂၁.၁) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၁) ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေ ဖိအား (၉၉၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင် နှုန်းဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်
(က) အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊  မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ဒေသအလိုက် မိုးကြီးခြင်း ၊လေပြင်း တိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်း များဖြစ်ပေါ်မည်။
(ခ) စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း ၊လေပြင်း တိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေကြီးခြင်း များဖြစ်ပေါ်နိုင် ပါသည်။
(ဂ) မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင် ပါသည်။

 

အကြံပြုချက်
(က) မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်ကြိုတင် သတိပြုရန် အကြံပြုအပ် ပါသည်။
 


http://www.weather-forecast.com/maps/Myanmar

weather

http://www.tmd.go.th/en/weather_map.php

weather

weather
weather