မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်

မိုးလေ၀သနှင့် ဇလဗေဒ ညွွှန်ကြားမှုဦးစီးဌာန
Department of Meteorology and Hydrology (Myanmar)
မိုးကြီးမည့်သတိပေးချက်
(မေလ (၁၈) ရက်နေ့၊ မြန်မာ စံတော်ချိန် (၁၆း၀၀) နာရီ အချိန် ထုတ်ပြန်ချက်)

  • ယနေ့မြန်မာ စံတော်ချိန် (၁၅း၃၀) နာရီ အချိန် မိုးလေဝသ တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသောလေထု မငြိမ်မသက်မှု များကြောင့် ယနေ့ညနေ မှနောက်(၄၈) နာရီအတွင်း မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင်နေရာ စိပ်စိပ် မှနေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊  ရခိုင်ပြည်နယ် တွင်ဒေသ အလိုက်နှင့် မကွေး တိုင်းဒေသကြီး တွင်နေရာ ကွက်၍ မိုးကြီးနိုင် ပါသည်။
  • အဆိုပါ လေထ ုမငြိမ်မသက်မှု များကြောင့်မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင် ပါသည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ် နိုင်ပါသည်။
  • သို့ဖြစ်ပါ၍ ကမ်းနီးကမ်းဝေး ငါးဖမ်း သင်္ဘောများ အနေဖြင့် အဆိုပါ မိုးလေဝသဖြစ်စဉ် မျာအားကြိုတင် သတိပြုရှောင်ရှား သင့်ပါကြောင်း အကြံပြုအပ် ပါသည်။