စစ်တွေအခြေပြု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ခရီးစဉ်များ အတွက် အောင်တံခွန် - ၇ ရေယာဉ်အား ပို့ဆောင် အားဖြည့် ပြေးဆွဲပေး သွားမည်။

စစ်တွေအခြေပြု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ခရီးစဉ်များ အတွက် အောင်တံခွန် - ၇ ရေယာဉ်အား ပို့ဆောင် အားဖြည့် ပြေးဆွဲပေး သွားမည်။

  • ပို့ဆောင်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် စစ်တွေအခြေပြု ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်ပေးနေသည့် ရေယာဉ်များအား လိုအပ်သည့် စစ်ဆေးပြု ပြင် ဖြည့်ဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ဌာနခွဲ အသီးသီးရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ရေယာဉ်များ အားလုံး ကိုလည်း ရေယာဉ်ကြံ့ခိုင်မှု စစ်ဆေးပြု ပြင် လျက်ရှိ ပါသည်။
  • ရခိုင်ဌာနခွဲတွင် အားဖြည့်ပြေးဆွဲ ရန်အတွက် ရန်ကုန်မြို့မှ “အောင်တံခွန်-၇” ရေယာဉ်အား စစ်တွေသို့ ပို့ဆောင်ပေး သွားမည်ဖြစ် ပါသည်။ “အောင်တံခွန်-၇” ရေယာဉ်အား ရခိုင်ဌာနခွဲသို့ စေလွှတ်ခြင်း မပြုမီ ရေယာဉ်၏ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်းနှင့် ကုန်းပတ်ပိုင်း တို့အား ကြံ့ခိုင်မှု ပိုမိုကောင်း မွန်စေရေး လိုအပ်သည့် စစ်ဆေးပြု ပြင် မှုများအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ဒလသင်္ဘော ကျင်းတွင် ဆောင်ရွက်လျက် ရှိပါသည်။
  • အဆိုပါရေယာဉ်တွင် အသက်ကယ် အင်္ကျီများ၊ အသက်ကယ်ဖောင်များ၊ ဆက်သွယ်ရေး ကိရိယာများ၊ ရေကြောင်း အချက်ပြ ကိရိယာများ ပြည့်စုံစွာ တပ်ဆင် ပါရှိမည်ဖြစ် ပါသည်။
  • အောင်တံခွန်-၇ ရေယာဉ်အား မတ် ၂၁ ရက်တွင် ရန်ကုန်မှ ဟိုင်းကြီးကျွန်းသို့ မောင်းနှင်စေပြီး အဆိုပါရေယာဉ်အား ဟိုင်းကြီးကျွန်းမှ စစ်တွေသို့ “ကနာပတိ”ရေယာဉ်ဖြင့် ဆွဲယူပို့ဆောင် ပေးသွားမည်ဖြစ် ပါသည်။