ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် ၂၇.၉.၂၀၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖေါ်ပြ။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် ၂၇.၉.၂၀၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖေါ်ပြ။

  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍသို့ ကူးပြောင်းနိုင်ရေးအတွက် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းတွင် ကိုယ်ပိုင် စီမံ ခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့် ရှိသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းနိုင်ရန်အတွက် ဥပဒေကြမ်း တစ်ခုရေး ဆွဲပြုစု တင်ပြခဲ့ရာ ပြည်ထောင်စု လွှတ်တော်က ၂၀၁၄ ခုနှစ် ၊ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၅၁) အဖြစ် အတည်ပြု ပြဌာန်းပေးခဲ့ ပါသည်။
  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းသည် အကျိုးအမြတ် အပေါ် အခြေခံ၍ ဆောင်ရွက်ရသည့် လုပ်ငန်းမဟုတ်ဘဲ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် လုံခြုံ စိတ်ချစွာ ခရီး သွားလာနိုင်ရန်နှင့် ကုန်စည်များ ကူးသန်းပို့ ဆောင်နိုင်ရန် ဆောင်ရွက်ရသည့် အများပြည်သူပိုင် ပို့ဆောင်ရေး လုပ်ငန်း တစ်ခုဖြစ်ပါသည်။
  • အကျိုးအမြတ်အတွက် စီးပွားရေး ဆန်ဆန် ဆောင်ရွက်ခြင်းထက် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ သုံးစွဲ ဆောင်ရွက်ခြင်းကသာ ပြည်သူများ၏ ပြည်တွင်းရေကြောင်း ခရီး သွားလာမှုနှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်ပြီး ကုန်ဈေးနှုန်း တည်ငြိမ်ရေးကိုပါ တဖက် တလမ်းက အကျိုးပြု ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်း ခဲ့သည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေကို အများပြည်သူ အကျိုး စီးပွားအတွက် ဆက်လက် ကျင့်သုံး ဆောင်ရွက်ရန် မသင့်ပါသဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းပြီး မူလတာ၀န်များအား ပြန်လည် ထမ်းဆောင်မည် ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန် အတွက် ၂၇.၉.၂၀၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖေါ်ပြထားပါသည်။
law