ရေယာဉ် စက်ခန်းအုပ်များ မွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၁၆ သင်တန်း ဖွင့်ပွဲ ကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
အင်ဂျင်နီယာဌာန ရေယာဉ်စု အင်ဂျင်နီယာ ဌာနခွဲမှ ရေယာဉ် စက်ခန်းအုပ်များ မွမ်းမံ သင်တန်း အမှတ်စဉ် ၁/၂၀၁၆
သင်တန်း ဖွင့်ပွဲ ကျင်းပ
ရန်ကုန်၊ ဇူလိုင် (၁၃) ရက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အင်ဂျင်နီယာ ဌာနရေယာဉ်စု အင်ဂျင်နီယာ ဌာနခွဲ မှရေယာဉ် စက်ခန်းအုပ်များ မွမ်းမံ သင်တန်း အမှတ်စဉ် ၁/၂၀၁၆ သင်တန်း ဖွင့်ပွဲကို ဇူလိုင်လ (၁၃) ရက် နံနက် (၁၀:ဝ၀) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကွပ်ကဲ ခန်းမ၌ ကျင်းပပြု လုပ်သည်။

ထို့နောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အင်ဂျင်နီယာဌာန၊ ဒုတိယ အထွေထွေ မန်နေဂျာ (အင်ဂျင်နီယာ) ဦးစိုးမြင့် မှရေယာဉ် စက်ခန်းအုပ် မွမ်းမံ သင်တန်းသား များအား  ဦးဆောင် ညွှန်ကြားရေးမှူး ထံသို့ တန်းအပ် ပါသည်။

၄င်းနောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အင်ဂျင်နီယာ ဌာန လက်အောက်ရှိ ရေယာဉ်စု အင်ဂျင်နီယာ ဌာနခွဲမှာ ရေယာဉ် စက်ခန်းအုပ် မွမ်းမံ သင်တန်းများ မပြုလုပ်ဖြစ်တာ နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း အခုနှစ်မှာ စိတ်သစ်၊ လူသစ်နဲ့ မိမိတို့ရဲ့ လုပ်ငန်း တာဝန်များ ပြန်လည် ထမ်းဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီသင်တန်းကို ပြန်လည် ဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။ ယခု သင်တန်းဟာ မွမ်းမံ သင်တန်းဖြစ်တဲ့ အတွက် ကျွမ်းကျင်မှုတွေကို မွမ်းမံရမှာ ဖြစ်သလို ဝန်ထမ်းများရဲ့ စိတ်နေ သဘောထား များကိုလဲ မွမ်းမံ ပြင်ဆင်ရ မှာဖြစ်ပါကြောင်း ကျွမ်းကျင်မှု အပိုင်းဆိုတာက သက်ဆိုင်ရာ စက်ဘက် ဝန်ထမ်းများရဲ့ မိမိတို့ ရေယာဉ် စက်မကြီးနဲ့ ဆက်စပ် ကိရိယာများ ကိုင်တွယ် မောင်းနှင်ခြင်း မွမ်းမံ ထိန်းသိမ်းခြင်း လုပ်ငန်း ဆက်စပ်ဆောင် ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့မှာ မေ့လျော့နေတာတွေ၊ သတိ မမူတာတွေ၊ မှားယွင်းစွာ နားလည်ထား တာတွေကို မှန်ကန်စွာ သိရှိစေဖို့ သက်ဆိုင်ရာ ကျွမ်းကျင်မှု ခေါင်းစဉ်များ အလိုက် ကြီးကြပ်သူများက မွမ်းမံဆွေးနွေး ပို့ချသွားမှာ ဖြစ်ပါကြောင်း စိတ်နေ သဘောထား အပိုင်း ဆိုတာက နိုင်ငံတော်ရဲ့ မူဝါဒ၊ ဌာနရဲ့ မူဝါဒ၊ ဌာနရဲ့ အခြေအနေ အရပ်ရပ်အပေါ် ဝန်ထမ်းများ လိုက်လျော ညီထွေစွာဖြစ် ဖို့ခေတ်စနစ်နဲ့ ကိုက်ညီဖို့ မိမိတို့ စိတ်ဓာတ် ပိုင်းတွေပြုပြင် ထားရှိပြီး တာဝန် ထမ်းဆောင်စေဖို့ အသိပညာ ပေးတဲ့ အပိုင်းဖြစ် ပါ တယ်။ နောက်တစ်ခု အနေဖြင့် ဌာနရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို လျှောက်လှမ်း တဲ့အခါ Operation အပိုင်းမှာ လိုက်လျော ညီထွေ သိထားမှ ကျင့်ကြံနေထိုင် အားထုတ်မှု ရှိမှသာလျှင် ပန်းတိုင်ရောက် မှာဖြစ်လို့ ဒီစိတ်နေ သဘောထား အပိုင်းကို မွမ်းမံပေး ရခြင်းဖြစ် ပါကြောင်း ယခုဆိုရင် ဝန်ထမ်းအားလုံး စိုးရိမ်စိတ်တွေနဲ့ တာဝန် ထမ်းဆောင်နေရမှု  ဘဝအတွက်၊ မိသားစုအတွက်၊ ဌာနအတွက် စိတ်သောကရောက်နေ ခဲ့ရမှုတွေ ဖြေလျော့ သွားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အတိတ်က ဆန္ဒစောခဲ့သည့် လုပ်ငန်း ဆောင်ရွက်ချက် အမှားတွေကို သင်ခန်းစာ ရယူပြီး စိတ်ဓာတ် ခွန်အား အသစ်များ နှင့်နောင်တကြိမ် ဒီအဖြစ်မျိုး ထပ်မဖြစ်အောင် ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်ကို ပီပီပြင်ပြင် ဖြစ်အောင် ကြိုတင် ပြင်ဆင်ဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ မွမ်းမံသင်တန်း တက်ရောက် လာကြတဲ့ ဝန်ထမ်းတွေရော မတက်ရောက် နိုင်သေးတဲ့ ဝန်ထမ်းတွေရော အားလုံးသော ဝန်ထမ်းတွေ သိဖို့က အရေးကြီး ပါကြောင်း ဝန်ထမ်း တစ်ဦးချင်း စီကစပြီး ဌာန၏ ကောင်းရာကောင်းကျိုး ကိုရှေ့ရှု့၍ အားမာန် အပြည့်နဲ့ ဝိုင်းဝန်း ကူညီ ကြိုးပမ်းဆောင်ရွက်ကြ ပါလို့ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။ အခမ်းအနား အပြီးတွင် ဦးဆောင် ညွှန်ကြားရေးမှူးသည် သင်တန်း တက်ရောက်ကြမည့် ရေယာဉ် စက်ခန်းအုပ် သင်တန်းသား များအား ရင်းနှီးစွာ တွေ့ဆုံပြီး လိုအပ်သည် များ ဖြည့်ဆည်း မှာကြားခဲ့သည်။ ယခု ဖွင့်လှစ် သည့်ရေယာဉ် စက်ခန်းအုပ် မွမ်းမံ သင်တန်းကို ရက်သတ္တ တစ်ပတ်ကြာ သင်ကြား ပို့ချပေးသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းသားများမှာ ကုန်ပို့ဆောင်ရေး ဌာနခွဲနှင့် မြစ်ဝကျွန်းပေါ် ဌာနခွဲအောက်ရှိ ရေယာဉ်လိုက် စက်ခန်း အုပ်များမှ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

training

 

training

 

training