ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Counsellor Mr. Hideaki Matsuo နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Counsellor Mr. Hideaki Matsuo နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

hideaki matsuo

 

hideaki matsuo


ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးဇော်၀င်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Counsellor Mr. Hideaki Matsuo နှင့် Japan International Cooperation System (JICS) မှ Project Manager Mr. Yoshiki Imai တို့အား (၅.၇.၂၀၁၆) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်းတွင် လက်ခံတွေ့ဆုံ၍ Japan's Non- Project Grant Aid for Economic and Social Development Programme အစီအစဉ်အရ ဂျပန်နိုင်ငံ အထောက်အပံ့ (Grant Aid) ယန်းသန်း (၂၀၀) ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင် ဌာနခွဲတွင် အသုံးပြုမည့် ရေယာဉ် တည်ဆောက်ရေး ဆိုင်ရာ သံပြား၊ သံကိုင်းများ ၀ယ်ယူရေးနှင့် တင်ဒါ ခေါ်ယူရေးတို့အတွက် ညှိနှိုင်း ဆွေးနွေးခြင်းနှင့် သဘောတူ လက်မှတ်ရေးထိုး ခဲ့ပါသည်။ အဆိုပါ အစည်းအေ၀းသို့ ဒု-အထွေထွေ မန်နေဂျာ (အင်င်္ဂျင်နီယာ) ဦးစိုးမြင့် နှင့် ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင်တို့ တက်ရောက် ခဲ့ကြပါသည်။