ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (၂/၂၀၁၆) ကျင်းပ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (၂/၂၀၁၆)

၁။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ကုန်စည် ပို့ဆောင်ရေးဌာနမှ အနာဂါတ် ကာလ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (၂/၂၀၁၆) အား ရုံးချုပ် ကွပ်ကဲခန်းမတွင် ၂၈.၆.၂၀၁၆ ရက်နေ့ ၁၃:ဝ၀ နာရီမှ ၁၆:ဝ၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဌာနမှူးများ အပါအဝင် စုစုပေါင်း အရာထမ်း၊ အမှုထမ်း (၁၀ဝ) ကျော် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုန်စည် ပို့ဆောင်ရေး ဌာနမှ ဒု-အထွေထွေမန်နေဂျာ ဦးလူမော်ထွန်းနွဲ့ ၊ လ/ထ အထွေထွေမန်နေဂျာ ဦးမောင်မောင်အောင် နှင့် မန်နေဂျာ ဦးထက်အောင်လင်း တို့မှ ဆွေးနွေး ရှင်းလင်း ခဲ့ကြပါသည်။ ဒု-အထွေထွေ မန်နေဂျာ ဦးလူမော်ထွန်းနွဲ့မှ ဆွေးနွေးရာတွင် ကုန်စည် ပို့ဆောင်ရေးဌာန စတင် တည်ထောင် ဖွဲ့စည်းခဲ့သည့် ၂၀ဝ၀ ပြည့်နှစ်မှ စ၍ လက်ရှိ အချိန်အထိ ရေယာဉ်အင်အား အခြေအနေ၊ နိုင်ငံတော်ပိုင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု အခြေအနေ၊ နှစ်အလိုက် ရေယာဉ် ငှားရမ်းမှု အခြေအနေ၊ သဘာဝဘေးအန္တရာယ် များကြောင့် ဌာနမှ ကူညီပို့ ဆောင်ပေးမှု အခြေအနေများ၊  လက်ရှိ ကုန်စည် ပို့ဆောင်ရေးဈေးကွက် ကျဆင်းနေမှု အခြေအနေများ နှင့် ငှားရမ်းခ ကြွေးကျန်များအတွက် တရားစွဲဆို ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

၂။ ထို့အပြင် အနာဂတ်ကာလ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ခေတ်ကာလနှင့် လျော်ညီမှု မရှိသော ကုန်တင် ရေယာဉ်/တွဲယာဉ်များ နေရာတွင် တန်ချိန် (၁၅၀ဝ) တင်နိုင်သည့် ကွန်တိန်နာ/ ဘက်စုံသုံး ရေယာဉ်များ အသစ် တည်ဆောက် အစားထိုးခြင်း၊ တွဲရေယာဉ်ကြီးများ ပို့ဆောင်နိုင်ရန် အင်ဂျင် ပါဝါမြင့်သော တွန်းရေယာဉ်သစ်များ တည်ဆောက်ခြင်း၊ လက်ရှိ တွန်းရေယာဉ်များအား စွမ်းအားမြှင့် စက်များဖြင့် ပြောင်းလဲ အစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

၃။ ထို့နောက် တက်ရောက်လာကြသည့် အရာထမ်းများမှ အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီးနောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူးမှ နိဂုံးချုပ် အမှာ စကားပြောကြားရာ တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် အစိုးရ အဆက်ဆက် မူဝါဒများအရ ဖွဲ့စည်းပုံ အမျိုးမျိုး ပြောင်းလဲဆောင်ရွက် ခဲ့သော်လည်း နိုင်ငံတော်၏ အခြေခံ လူတန်းစားများ အဓိကထား စီးနင်းကြပြီး၊ ကုန်စည်ထုထည် များကို ဈေးနှုန်း သက်သာစွာဖြင့် ပို့ဆောင်ပေးနိုင်သည့် အဖွဲ့ အစည်းကြီး တစ်ခု ဖြစ်ပါကြောင်း၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) မှ ပညာရှင်များ ရေးဆွဲထားသည့် ပို့ဆောင်ရေး မဟာဗျူဟာ စီမံကိန်း (Transport Master Plan) အရ ၂၀၃၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၌ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍသည် အဓိက နေရာမှ ပါဝင်တော့မည် ဖြစ်ကြောင်း၊ ကုန်စည် ပို့ဆောင်ရေး ဌာနသည် ဌာနအတွက် အဓိက ဝင်ငွေ ရှာဖွေ ပေးနေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ရေယာဉ်/တွဲယာဉ်များ ငှားရမ်း စာချုပ်များ ချုပ်ဆိုရာတွင် ဥပဒေအရ ထိရောက် ခိုင်မာသော အချက်များ ထည့်သွင်းရေးသား ချုပ်ဆိုရန် လိုအပ်ကြောင်း၊ ငှားရမ်းခ ကြွေးကျန်များ မရှိစေရန်  ဌာနမှ ကြိုတင်ငွေတောင်းခံ သည့်စနစ်၊ ငှားရမ်းသူများ၏ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ကြိုတင် ရယူ ထားရှိရန်နှင့် ပျက်စီးမှု၊ ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေး ဘဏ်များနှင့် ချိတ်ဆက်၍ သိမ်းဆည်းသွားရန်တို့ကို ဆွေးနွေးပြောကြား ခဲ့ပါသည်။

၄။ ထို့အပြင် ယခင်နှစ် ကြွေးကျန်များ ရရှိရေး တရားစွဲဆိုပြီး အနိုင် ဒီဂရီ ရရှိထားမှုများကို ဌာနမှ ကြွေးကျန်များပြန်လည် ရရှိရေး ရှေ့နေများနှင့် ညှိနှိုင်း ဆွေးနွေးဆောင်ရွက် သွားရန်နှင့် ဌာနရှိ ဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပြီး၊ မိသားစု စိတ်ဓါတ် ဝန်ထမ်းကောင်း စိတ်ဓါတ်များဖြင့် ဌာနအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ ပါသည်။

၅။ အလုပ်ရုံ ဆွေးနွေးပွဲအား ၁၆:ဝ၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
 

 workshop

 

 workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop

 

workshop