“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” ကို ပြည်သူ့လွှတ်တော်တွင် တင်သွင်း”
“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” ကို ပြည်သူ့လွှတ်တော်တွင် တင်သွင်း”
[၂၈-၁၁-၂၀၁၆] (တနင်္လာနေ့) နံနက် ၁၀ နာရီ အချိန်တွင် ပြည်သူ့ လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး သတ္တမနေ့တွင် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြု၍ ပေးပို့လာသော “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” ကို လက်ခံ ရရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌမှ လွှတ်တော်သို့ အသိပေး ပြောကြားပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် အဆိုပါ ဥပဒေအား (၃၀.၁၁.၂၀၁၆) ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
![Hluttaw law](/sites/default/files/inline-images/hluttaw_law.jpg)
![Hluttaw law](/sites/default/files/inline-images/hluttaw_law1.jpg)
![Hluttaw law](/sites/default/files/inline-images/hluttaw_law2.jpg)