နိုင်ငံတော်မှ ချီးမြှင့်သည့် စွမ်းဆောင်ရည်ဆိုင်ရာ ဆုတံဆိပ်အသီးသီးရရှိခဲ့ကြသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အရာထမ်း၊ အမှုထမ်းများကို ထပ်ဆင့် ချီးကျူးဂုဏ်ပြုလွှာ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
- နိုင်ငံတော်မှ ချီးမြှင့်သည့် စွမ်းဆောင်ရည်ဆိုင်ရာဆုတံဆိပ် အသီးသီးရရှိခဲ့ကြသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အရာထမ်း၊ အမှုထမ်းများကို ထပ်ဆင့် ချီးကျူးဂုဏ်ပြုလွှာ ပေးအပ်ခြင်း အခမ်းအနားကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်) အစည်းအဝေးခန်းမ၌ (၂၁-၂-၂၀၂၂)ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။
- အဆိုပါ အခမ်းအနားသို့ ဦးဆောင်ညွှန်ကြားရေးမှူး(ကိုယ်စား) အထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်၊ ဌာနမှူး/ဌာနခွဲမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ စွမ်းဆောင်ရည်ဆိုင်ရာ ဆုတံဆိပ် အသီးသီးရရှိခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
- စွမ်းဆောင်ရည်ဆိုင်ရာ ဆုတံဆိပ်ရရှိခဲ့ကြသည့် အရာထမ်း၊အမှုထမ်းများကို ဦးဆောင်ညွှန်ကြားရေးမှူး (ကိုယ်စား) အထွေထွေမန်နေဂျာနှင့် ဒု-အထွေထွေ မန်နေဂျာ(စီမံ)တို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် ဆုတံဆိပ်ရရှိခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများ ကိုယ်စား အထွေထွေမန်နေဂျာမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂) ဖြင့် ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (ဒုတိယအဆင့်)(၁)ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) (၉)ဦး၊ ရဲသူရိန်တံဆိပ်(၃)ဦး၊ ရဲကျော်သူတံဆိပ်(၅)ဦး၊ စုစုပေါင်း(၁၈)ဦးတို့အား နိုင်ငံတော်မှ စွမ်းဆောင်ရည်ဆိုင်ရာဆုတံဆိပ် အသီးသီး ချီးမြှင့်ခဲ့ပါသည်။



















