“ဝါးတန်း-ဒလ” ဇက်ကူးတို့လမ်း ရေယာဉ်ပြေးဆွဲနေမှု အခြေအနေကို ခရီးသွားပြည်သူများ သိရှိနိုင်စေရန် တင်ပြခြင်း”

၂၄.၁၁.၂၀၂၀ ရက်နေ့တွင် Aung Myo Shein ၏ facebook account တွင် Public ဖြင့် ဝါးတန်း-ဒလ ဇက်ကူးတို့လမ်း ရေယာဉ်ပြေးဆွဲမှု ကိစ္စအပေါ် လူစီးခနှုန်းထား ၁၅၀/-ကျပ်နှုန်းနှင့် ကားတစ်စီး ၃၀၀၀/-ကျပ်နှုန်းကောက်ခံခဲ့ပြီး၊ ဖြတ်ပိုင်း(လက်မှတ်)မပေးခြင်း၊ ကားလက်မှတ်များကို စံနစ် တကျကောက်ခံပြီး တိုင်းပြည်ဘဏ္ဍာကိုကာကွယ်ရမည်ဟုလည်းကောင်း၊ တာဝန်ရှိသူများမှာ မသိ ချင်ယောင်ဆောင်နေကြကြောင်း လွှင့်တင်ခဲ့သည့်အပေါ် အောက်ပါအတိုင်း ပြန်လည် ရှင်းလင်း တင်ပြအပ်ပါသည်-

  • ဝါးတန်း-ဒလ ဇက်ကူးတို့လမ်းအား နေ့စဉ် နံနက်(၀၆း၃၀)နာရီမှ ည (၁၉း၀၀)နာရီအထိ ဇက် ရေယာဉ်(၂)စီးအသုံးပြု၍ ရောက်ထွက်စံနစ်ဖြင့် ပျမ်းမျှ အသွား/အပြန် (၉)ခေါက် ပြေးဆွဲပေးလျက် ရှိပြီး၊ မော်တော်ယာဉ်များ စုပုံနေသည့်အခါတွင် ခေါက်ရေတိုး၍ ပြေးဆွဲပေးလျက်ရှိပါသည်။
  • ဒလမှ ဝါးတန်းသို့ ဇက်ရေယာဉ်ဖြင့်လိုက်ပါမည့် ယာဉ်များအား ဆိပ်ကမ်းတံတားဖြတ်သန်းခ အဖြစ် ယာဉ်တစ်စီးလျှင် အခြေခံနှုန်းထား (၁၅၀/-)ကျပ်မှစတင်၍ ယာဉ်အကြီးအသေး အမျိုး အစားပေါ်မူတည်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာနက ကောက်ခံလျက်ရှိပြီး၊  ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနအနေဖြင့်  ခရီးသည်ခ နှင့် ယာဉ်ခကို ရေယာဉ်ပေါ်တွင်သာ တာဝန်ကျ ဝန်ထမ်းကိုယ်တိုင် လိုက်လံ၍ ယာဉ်တစ်စီးခြင်းစီအလိုက် အောက်ပါ နှုန်းထားများအတိုင်း ကောက်ခံလျက်ရှိပါသည်။
ဇက်ကူးခနှုန်းထားများ

 

  • ခရီးသွားပြည်သူများသိရှိနိုင်စေရန် လူစီးခ၊ ယာဉ်ခ အခနှုန်းထား ကြော်ငြာ ဆိုင်းဘုတ် များအား ဝါးတန်းကူးတို့ဆိပ်၊ ဒလကူးတို့ဆိပ်နှင့် ရိုရိုရေယာဉ်များ ပေါ်တွင်ထားရှိပြီး ဖြစ်ပါသည်။
  • ခရီးသည်ခအား ခရီးသည်တစ်ဦးချင်းစီအလိုက် လက်မှတ်တစ်စောင်စီဖြတ်ပေး၍ကောက်ခံ လျက်ရှိပြီး၊ ယာဉ်ခ နှုန်းထားကိုမူ ယာဉ်တစ်စီးချင်းစီ ငွေလိုက်လံ ကောက်ခံပြီးမှ ငွေရပြေစာ ဖြတ်ပိုင်းရေး၍ ပြေစာလိုက်လံ၍ ဝေငှခြင်း စံနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
  • ယခုအခါ ယာဉ်ခ ငွေကောက်ခံပြီးပါက ငွေရပြေစာရေးသားပြီး ဖြတ်ပိုင်းကို တပါတည်း ပေးအပ်သည့်စံနစ်ဖြင့် ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။
  • ခရီးသည်ခ ကောက်ခံပြီးပါက ခရီးသည်ခလက်မှတ် ထုတ်ပေးခြင်း၊ ယာဉ်ခ ကောက်ခံပြီး ပါက ငွေရပြေစာ ရေးသား ထုတ်ပေးခြင်းကို မပျက်မကွက်ပြုလုပ်ကြရန် တာဝန်ကျ ဝန်ထမ်းများကို ညွှန်ကြားထားပြီး ဖြစ်ပါသည်။
  • ခရီသည်များ၊ ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း ငွေပေးချေပြီး ခရီးသည်လက်မှတ်/ ငွေရ ပြေစာမရရှိပါက ငွေကောက်ခံသူထံ မပျက်မကွက် အရ တောင်းခံကြရန်နှင့် အဆိုပါ လက်မှတ်/ငွေရပြေစာကို ခရီးစဉ်ပြီးဆုံးသည်အထိ မိမိနှင့်အတူ တပါတည်း သိမ်းဆည်း ထားရန် မေတ္တာရပ်ခံအပ်ပါသည်။
  • ခရီးသည်ခ၊ ယာဉ်ခ၊ ကုန်တန်ဆာခများကို သတ်မှတ်ကြေငြာထားသည့် နှုန်းထားထက် ပိုမို တောင်းခံလျှင်သော်လည်းကောင်း၊ ငွေပေးချေပြီး ခရီးသည်လက်မှတ်/ငွေရပြေစာ ထုတ် ပေးရန် တာဝန်ကျ ဝန်ထမ်းက ငြင်းဆန်လျှင်သော်လည်းကောင်း၊ မချေမငံ ဆက်ဆံလျှင် သော်လည်းကောင်း အောက်ဖေါ်ပြပါ တာဝန်ခံရုံးများ နှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ် တိုင်ကြားနိုင်ပါသည်-

     (က)    လက်ထောက်အထွေထွေမန်နေဂျာ(မြစ်ဝ)၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁၈-၂၂၂၄၉၃, ၀၁၈-၂၂၂၄၇၂, e-mail: [email protected]

     ( ခ )   ဒုတိယအထွေထွေမန်နေဂျာ(ပို့ဆောင်ရေး)၊  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ အမှတ်(၅၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁၈-၃၈၀၇၆၁, e-mail: [email protected]

                                                                  

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး