“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ (၁၃) အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ”
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့်ဇနီး ဒေါက်တာ ဒေါ်ခင်သန်းအေး တို့အား အမှူးထား၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ (၁၃) အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၁၂) ရက်၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် (ကြာသပတေးနေ့) နံနက် (ဝ၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၅၀)၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်)၊ ကွပ်ကဲ ခန်းမတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပ ပြုလုပ်ပါသည်။
အဆိုပါ အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာဝိစိတ္တာရာမ၊ မွန်ကျောင်းတိုက် ဆရာတော် သာသန နုဂ္ဂဟ ဓမ္မာစရိယ၊ သာသနဟိတကာရီ ဓမ္မာစရိယ ဒေါက်တာ အရှင်ပညာသီရိ (မေတ္တာရှင်-ကြယ်တစ်ပွင့်) အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော် မူကြပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ အထွေထွေမန်နေဂျာ ဦးသီလသိမ်း နှင့် ဌာမှူးများ၊ ဌာနခွဲမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညို ကြပါသည်။







