မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း

ယနေ့နံနက် (၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက် အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည် နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် မတ်လ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန် ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့တွင် (၄၀)ဒီဂရီ စင်တီဂရိတ်နှင့် မကွေးမြို့နှင့် ဇောင်းတူမြို့တို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်သာယာနေပြီး၊ ကပ္ပလီ ပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအားဖြင့် သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ              

အမြင့်ဆုံးအပူချိန်- (၃၇.၆)ဒီဂရီစင်တီဂရိတ် (၁၀၀)ဒီဂရီဖာရင်ဟိုက် (၀၈ - ၀၃ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန်- (၁၈.၅)ဒီဂရီစင်တီဂရိတ် (၆၅)ီဂရီဖာရင်ဟိုက(၀၉ - ၀၃ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ- (၅၄)ရာခိုင်နှုန်း        (၀၉ - ၀၃ - ၂၀၂၀)

မိုးရေချိန်- မရှိပါ (၀၉ - ၀၃ - ၂၀၂၀)

နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန်- (၃၆.၆)ဒီဂရီစင်တီဂရိတ် (၉၈)ဒီဂရီဖာရင်ဟိုက် (၀၈ - ၀၃ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန်- (၁၇.၀)ဒီဂရီစင်တီဂရိတ် (၆၃)ဒီဂရီဖာရင်ဟိုက(၀၉ - ၀၃ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ- (၆၃)ရာခိုင်နှုန်း        (၀၉ - ၀၃ - ၂၀၂၀)

မိုးရေချိန်- မရှိပါ (၀၉ - ၀၃ - ၂၀၂၀)

မိုးရေချိန်

ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၉ - ၃ - ၂၀၂၀

မရှိပါ

                မရှိပါ

 မရှိပါ

- ၁-၂၀၂၀ မှ ယနေ့အထိ

(၀.၀၄)လက်မ 

                မရှိပါ

 (၀.၉၅)လက်မ

နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၉-၃-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အရှေ့တောင်ဘက်မှ တစ်နာရီလျှင် (၃)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။