၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက် နေ့စဉ်မိုးလေဝသ သတင်း

 

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်လျော့နည်း ခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့ တွင် (၃)ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်နှင့် ရမ်ကလောင်း၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၈)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကွမ်းလုံမြို့တွင် (၀.၃၅)လက်မနှင့် မိုင်းယန်းမြို့တွင် (၀.၀၄)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်  တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက်   စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။      တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ 

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။         တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။         တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ               

အမြင့်ဆုံးအပူချိန်                           - (၃၅.၄)ဒီဂရီစင်တီဂရိတ် (၉၆)ဒီဂရီဖာရင်ဟိုက်                        (၂၄ - ၀၂ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန်                          - (၁၇.၄)ဒီဂရီစင်တီဂရိတ် (၆၃)ီဂရီဖာရင်ဟိုက                        (၂၅ - ၀၂ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ            - (၆၆)ရာခိုင်နှုန်း                                                               (၂၅ - ၀၂ - ၂၀၂၀)

မိုးရေချိန်                                     - မရှိပါ                                                                             (၂၅ - ၀၂ - ၂၀၂၀)

နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန်                           - (၃၄.၆)ဒီဂရီစင်တီဂရိတ် (၉၄)ဒီဂရီဖာရင်ဟိုက်                        (၂၄ - ၀၂ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန်                           - (၁၆.၀)ဒီဂရီစင်တီဂရိတ် (၆၁)ဒီဂရီဖာရင်ဟိုက်                        (၂၅ - ၀၂ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ            - (၆၅)ရာခိုင်နှုန်း                                                                  (၂၅ - ၀၂ - ၂၀၂၀)

မိုးရေချိန်                                     - မရှိပါ                                                                                       (၂၅ - ၀၂ - ၂၀၂၀)

 

မိုးရေချိန်

ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၂၅ - ၂ - ၂၀၂၀

မရှိပါ

                မရှိပါ

 မရှိပါ

- ၁-၂၀၂၀ မှ ယနေ့အထိ

(၀.၀၄)လက်မ 

                မရှိပါ

 (၀.၉၅)လက်မ

နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၂၅-၂-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အရှေ့မြောက်ဘက်မှ တစ်နာရီလျှင် (၂)မိုင် နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။