ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်မှ အတည်ပြု

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်မှ အတည်ပြု

[၆-၁၀-၂၀၁၆] (ကြာသပတေးနေ့) တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၄၄ ရက် မြောက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပေဒကို ရုပ်သိမ်းသည့် ဥပေဒကြမ်းအား အတည်ပြုရန် အဆို တင်သွင်းခဲ့ပြီး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနေမျိုးကျော်က အဆိုနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံ ဆွေးနွေး ခဲ့ပါသည်။ ဆက်လက်၍ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပေဒကို ရုပ်သိမ်းသည့် ဥပေဒကြမ်းအား အတည်ပြုရန် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်် ရယူခဲ့ရာ လွှတ်တော်မှ သဘောတူခဲ့ပါသည်။