ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် တင်သွင်း

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် တင်သွင်း

[၃-၁၀-၂၀၁၆] (တနင်္လာနေ့) တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ၄၁ ရက် မြောက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ပြည်ထောင်စု ဝန်ကြီး ဦးသန့်ဇင်မောင်က ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က လက်ခံ ဆွေးနွေးရန် အဆို တင်သွင်းခဲ့ပြီး၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံ ဆွေးနွေး ခဲ့ပါသည်။ ဆက်လက်၍ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကပြည်တွင်းရေကြာင်း ပို့ဆောင်ရေးအဖွဲ့ ဥပေဒကို ရုပ်သိမ်းသည့် ဥပေဒကြမ်းအား လက်ခံ ဆွေးနွေးရန် သင့်/မသင့် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်် ရယူရာ လက်ခံဆွေးနွေးရန် လွှတ်တော်မှ သဘောတူ ခဲ့ပါသည်။