၂၀၁၆-၂၀၁၇ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား/ သူများ၊ အားကစား ထူးချွန်သူအား ပညာရည် ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား/ သူများ၊ အားကစား ထူးချွန်သူအား ပညာရည် ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ၀န်ထမ်းများ၏ သား/သမီးများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာ (မူလတန်း/ အလယ်တန်း/ အထက်တန်း) တို့၌ ပညာ သင်ကြားနေသော ကျောင်းသား/ သူများနှင်‌့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးဖြင်‌့ ထူးချွန်စွာအောင်မြင် ခဲ့သော ကျောင်းသား/ သူများ၊ အားကစား ထူးချွန်သူအား ပညာသင် ထောက်ပံ့ငွေနှင်‌့ ပညာရည် ထူးချွန်ဆု ချီးမြှင်‌့ခြင်း အခမ်းအနားအား (၁၇.၈.၂၀၁၆) ရက်နေ့ (၁၃:ဝ၀) နာရီအချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး  ပညာသင် ထောက်ပံ့ငွေနှင်‌့ ပညာရည် ထူးချွန်ဆု ချီးမြှင့်ပေးခဲ့ပါသည်။
  • အခမ်းအနားတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ အခြေခံပညာ (မူ/လယ်/ထက်)ကျောင်းသား/သူ စုစုပေါင်း (၁၅၀၈) ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၁,ဝ၃,၉၄,ဝ၀ဝ/-) နှင်‌့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ (၆) ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၆) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၁၂) ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၂၅) ဦးအား တစ်ဘာသာလျှင် ကျပ် (၃၀,ဝ၀ဝ/-) နှင်‌့ ဂုဏ်ပြု ဆုတံဆိပ်များအား လည်းကောင်း၊ ရိုးရိုး အောင်မြင်သူ (၅၁) ဦးအတွက် (၁) ဦးလျှင် ကျပ် ၂၀,ဝ၀ဝ/- နှုန်းဖြင်‌့ လည်းကောင်း ၊ပြည်ပစစ်တုရင် အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် ဆုရရှိသူ (၁) ဦးအား ဂုဏ်ပြုဆုငွေ ကျပ် (၃၀,ဝ၀ဝ/-)၊ စုစုပေါင်း ကျပ် (၁,၃၁,၂၄,ဝ၀ဝ/-) အား ပေးအပ် ချီးမြှင်‌့ခဲ့ကြောင်း သတင်းရရှိပါသည်။
prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize

 

prize