ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် လက်မှတ်ခ ပေးချေပြီးပါက လက်မှတ် ရရှိမှသာ ရေယာဉ် စီးနင်းကြပါရန် မေတ္တာရပ်ခံခြင်း

ပန်းဆိုးတန်း-ဒလကူး တို့လမ်းတွင် လက်မှတ်ခ ပေးချေပြီးပါက လက်မှတ် ရရှိမှသာ ရေယာဉ် စီးနင်းကြပါရန် မေတ္တာရပ်ခံခြင်း

 pansoden_dala


၁။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် နိုင်ငံတော် ဘတ်ဂျက် ပြင်ပမှနေ၍ မိမိ၀င်ငွေ ရှာဖွေ ရရှိမှုအပေါ် ရပ်တည်ကာ လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။ ဌာနဆက်လက် ရပ်တည်နိုင်ရေးအတွက် ၀င်ငွေ တိုးတက် ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျှက် ရှိပါသည်။

၂။  မိမိဌာန ၀င်ငွေ ရှာဖွေမှုအပေါ် ရပ်တည်ကာ လုပ်ငန်းများ ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် လျာထား၀င်ငွေ ပြည့်မီစေရေးနှင့် မသမာမှု မရှိစေရေး တို့အတွက် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။

၃။ ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းအား ခရီးသည် တစ်ဦးလျှင် လက်မှတ်ခ ငွေ ၁၀၀ိ/- နှုန်းသာ ကောက်ခံ၍ ခရီးသွားပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် လိုရာခရီးကို အချိန်မီ ရောက်ရှိနိုင်ရေးအတွက် နေ့စဉ် ချယ်ရီရေယာဉ် (၂) စီး၊ အရန်  (၁) စီးဖြင့် နေ့စဉ် (၄၆) ခေါက်နှုန်းပြေးဆွဲပေးလျက် ရှိပါသည်။

၄။ ခရီးသွားလက်မှတ်များ အလွယ်တကူ ၀ယ်ယူ ရရှိစေရေးအတွက် ခရီးသည် နားနေဆောင် အ၀င်ပေါက်များတွင် လက်မှတ် အရောင်းကောင်တာများ ဖွင့်လှစ် ရောင်းချပေးလျှက် ရှိပါသည်။ သို့ရာတွင် တစ်ချို့ ခရီးသည်များ အနေဖြင့် ခရီးသည် အဆင်းပေါက်ရှိ ကုန်တင်/ကုန်ချ နေရာမှ အလွယ်တကူ ရောနှော ၀င်ရောက်ခြင်း၊  ရေယာဉ် ထွက်ခွာချိန်နီးမှ အလျင်စလို ၀င်ရောက်ပြီး လက်မှတ်ပေးသည်အထိ မစောင့်ဆိုင်းဘဲ ပြေးဆင်းခြင်းများလည်း ရှိပါသည်။

၅။ ခရီးသည်များ အနေဖြင့် လက်မှတ်ခ ပေးချေပြီးပါက လက်မှတ် ရရှိမှသာ လက်မှတ် အရောင်းကောင်တာမှ ထွက်ခွာရန်နှင့် လက်မှတ် မရရှိဘဲ ရေယာဉ် စီးနင်းခြင်း မပြုကြ ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ် ပါသည်။

၆။ ရေယာဉ်ပေါ်တွင် လက်မှတ်မဲ့ မပါရှိစေရေးအတွက် တာ၀န်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လက်မှတ်ခ ပေးချေပြီး လက်မှတ် မရရှိပါက သက်ဆိုင်ရာ ဆိပ်ကမ်း လက်မှတ်ရုံ မန်နေဂျာအား တိုက်ရိုက် တိုင်ကြားနိုင်သည့်အပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) တာ၀န်မှူးရုံး ဖုန်းနံပါတ် ၀၁-၃၈၁၉၁၂ သို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်ပါရန် အသိပေးကြေငြာ အပ်ပါသည်။