လေဖိအားနည်း ရပ်၀န်း အိန္ဒိယနိုင်ငံ ၊သြရိသ ကမ်းခြေမှ ကုန်တွင်းသို့ ရွေ့လျား ဝင်ရောက်

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်
လေဖိအားနည်း ရပ်၀န်း အိန္ဒိယနိုင်ငံ ၊သြရိသ ကမ်းခြေမှ ကုန်တွင်းသို့ ရွေ့လျား ဝင်ရောက်

  • (၂၈.၈.၂၀၁၅) ယနေ့ မြန်မာ စံတော်ချိန် (၁၄:၃၀)နာရီ အချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသောလေ ဖိအားနည်း ရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ၊သြရိသကမ်းခြေမှ ကုန်တွင်းသို့ ရွေ့လျား ဝင်ရောက်ခဲ့ပြီးဖြစ် ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေ ပါသည်။