ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ် ဖြစ်ပေါ်နေမှုသတင်း

မိုးလေ၀သနှင့် ဇလဗေဒ ညွွှန်ကြားမှုဦးစီးဌာန
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ် ဖြစ်ပေါ်နေမှု သတင်း

  • (၂၆.၇.၂၀၁၅) ယနေ့မြန်မာ စံတော်ချိန် (၁၈း၃၀)နာရီ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်- အနောက်တောင်ဘက် မိုင် (၆၀) ခန့် ၊မြန်မာနိုင်ငံ ၊မောင်တောမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင် (၁၁၀) ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် (၁၆၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ ဆက်လက် တည်ရှိနေ ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အား အသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေ ပါသည်။
     

    http://www.weather-forecast.com/maps/Myanmar
     

    weather

     


 

weather