၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက် နေ့စဉ်မိုးလေဝသသတင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့် သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါး မြို့တွင် (၁)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ မိုင်းယန်းမြို့နှင့် တီးတိန်မြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့၊ ရမ်ကလောင်းနှင့် မိုးကုတ်မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ကျိုင်းတုံမြို့နှင့် မင်းကင်းမြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှတိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင် တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ည အပူချိန်များ အနည်းငယ်လျော့နည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သောမိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန်- (၃၃.၄)ဒီဂရီစင်တီဂရိတ် (၉၂)ဒီဂရီဖာရင်ဟိုက် (၀၁ - ၀၂ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန်- (၁၆.၅)ဒီဂရီစင်တီဂရိတ် (၆၂)ဒီဂရီဖာရင်ဟိုက် (၀၂ - ၀၂ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၅၉)ရာခိုင်နှုန်း (၀၂ - ၀၂ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၀၂ - ၀၂ - ၂၀၂၀)
နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန်- (၃၂.၅)ဒီဂရီစင်တီဂရိတ် (၉၀)ဒီဂရီဖာရင်ဟိုက် (၀၁ - ၀၂ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန်- (၁၃.၅)ဒီဂရီစင်တီဂရိတ် (၅၆)ဒီဂရီဖာရင်ဟိုက် (၀၂ - ၀၂ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ- (၆၅)ရာခိုင်နှုန်း (၀၂ - ၀၂ - ၂၀၂၀)
မိုးရေချိန်- မရှိပါ (၀၂ - ၀၂ - ၂၀၂၀)
မိုးရေချိန် |
|||
ရက်စွဲ |
နေပြည်တော် |
ရန်ကုန် (ကမ္ဘာအေး) |
မန္တလေး |
၀၂ - ၂ - ၂၀၂၀ |
မရှိပါ |
မရှိပါ |
မရှိပါ |
၁- ၁-၂၀၂၀ မှ ယနေ့အထိ |
(၀.၀၄)လက်မ |
မရှိပါ |
(၀.၉၅)လက်မ |
နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၀၂-၂-၂၀၂၀) ရက်နေ့(၃၀)နာရီအချိန်တွင် အနောက်တောင်ဘက်မှ တစ်နာရီလျှင် (၂)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။