၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်‌့ ဝန်ထမ်း သားသမီးများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း/ အလယ်တန်း/ အထက်တန်းတို့တွင် ပညာသင်ကြား လျက်ရှိသည့် ဝန်ထမ်း သားသမီ

ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး

၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်‌့ ဝန်ထမ်း သားသမီးများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း/ အလယ်တန်း/ အထက်တန်းတို့တွင် ပညာသင်ကြား လျက်ရှိသည့် ဝန်ထမ်း သားသမီးများအား ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

  • ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်‌့ ဝန်ထမ်း သားသမီးများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း/ အလယ်တန်း/ အထက်တန်းတို့တွင် ပညာသင်ကြား လျက်ရှိသည့် ဝန်ထမ်း သားသမီးများအား ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနား ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်၊ သောကြာနေ့ (၁၃:၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင် ညွှန်ကြားရေးမှူး ဦး၀င်းခန့်၊ အထွေထွေ မန်နေဂျာ ဦးဇော်ဝင်း၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။
  • အဆိုပါ အခမ်းအနားတွင် ဦးဆောင်ညွှန်ကြားရေးမှူးမှ ဂုဏ်ပြု အမှာစကား ပြောကြား ခဲ့ပြီး၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင်‌့ အထွေထွေ မန်နေဂျာတို့မှ ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင်‌့ငွေနှင်‌့ ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပါသည်။
  • ဆက်လက်၍ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း/ အလယ်တန်း/ အထက်တန်း တို့တွင် ပညာသင်ကြားနေသော ဝန်ထမ်း သားသမီးများ အတွက် ထောက်ပံ့ကြေးငွေများအား ဦးဆောင် ညွှန်ကြားရေးမှူးမှ ပေးအပ်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ လက်ခံ ရယူခဲ့ပါသည်။
  • ဂုဏ်ပြုဆုများနှင့် ထောက်ပံ့ကြေးများ ပေးအပ်ပြီးနောက် ထူးချွန်ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
     
iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt

 

iwt