မြစ်ဝကျွန်းပေါ် ဌာနခွဲမှ ကုန်ပို့ကိုယ်စားလှယ် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိခြင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
မြစ်၀ကျွန်းပေါ်ဌာနခွဲ၊
ကုန်ပို့လုပ်ငန်းဌာနစိတ်

●  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်၀ကျွန်းပေါ်ဌာနခွဲမှ ဧရာ၀တီတိုင်းဒေသကြီး အတွင်းသို့ မိမိဌာနပိုင် ရေယာဉ်များဖြင့် ခရီးသည်နှင့် ကုန်များ တင်ဆောင်၍ ပြေးဆွဲ ပေးလျက်ရှိရာမှ ကုန်တင်ပို့ လိုသူများ အထူးအဆင်ပြေ လွယ်ကူ ချောမွေ့စေရန် အတွက် ဈေးနှုန်း အထူးသက်သာသော၊ တိကျသော၊ လုံခြုံသော အာမခံ ဂိုဒေါင်စနစ် များဖြင့် ကုန်လုပ်ငန်း ဌာနစိတ်အား (၁.၇.၂၀၁၃) ရက်နေ့မှ စတင်၍ လမ်းသစ်တံတားထိပ် (ယခင် ခရီးသည် နားနေဆောင်နေရာ) နှင့် ကိုင်းတန်း တံတားထိပ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဂိုဒေါင်တွင် ဖွင့်လှစ်ထားရှိပါသည်။ ကုန်ပို့လုပ်ငန်း ဌာနစိတ်မှ တာ၀န်ယူ ကုန်သိုလှောင်၊ ပို့ဆောင်ပေးမည့် မြို့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မှ           သို့

ရန်ကုန် - လပွတ္တာ(အတွင်း/အပြင်)
ရန်ကုန် - မော်ကျွန်း
ရန်ကုန် - ကျုံမငေး
ရန်ကုန် - ပုသိမ်
ရန်ကုန် - ကျွန်းကုန်း
ရန်ကုန် - ဖျာပုံ
ရန်ကုန် - ဘိုကလေး

●  ကုန်တင်ပို့ပေးရန် အပ်နှံထားသော ကုန်များအား အစောဆုံး ထွက်ခွာမည့် သင်္ဘောနှင့် တင်ဆောင် ပေးမည်ဖြစ်ပြီး အကြောင်း ကြောင်းကြောင့် အစောဆုံး ထွက်ခွာမည့် သင်္ဘောဖြင့် ကုန်တင်ပို့ပေးနိုင်ခြင်း မရှိခဲ့ပါက နောက်သင်္ဘော ထွက်မည့်နေ့အထိ မိမိဌာနပိုင် ဂိုဒေါင်တွင် ကုန်များ မပျောက်မပျက် မပျက်စီးစေရန် အခမဲ့ ထိန်းသိမ်း စောင့်ရှောက်ပေး သွားမည် ဖြစ်ပါသည်။

 ●  ကုန်သိုလှောင်၊ ပို့ဆောင်လိုသူများ အနေဖြင့် မြစ်၀ကျွန်းပေါ်ဌာနခွဲ၊ မော်တင်(လမ်းသစ်) ဆိပ်ကမ်း၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်ဖြစ်စေ အောက်ပါ ဖုန်းနံပါတ် များသို့ ဖြစ်စေ ဆက်သွယ် စုံစမ်းနိုင်ပါသည်-

 ●  မန်နေဂျာ(စီမံ/ကွပ်ကဲ) ၀၁-၂၂၂၄၇၂

 ●  ကုန်ပို့လုပ်ငန်းဌာနစိတ် ၀၉၇၃၂၂၆၀၂၃, ၀၉၄၅၀၀၃၁၂၉၁