“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ (၁၂) အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပ”
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့်ဇနီး ဒေါက်တာ ဒေါ်ခင်သန်းအေး တို့အား အမှူးထား၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ (၁၂) အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၁၀) ရက်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (ဝ၉:၄၀) နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၅၀)၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်)၊ ကွပ်ကဲ ခန်းမတွင် ကျင်းပ ပြုလုပ်ပါသည်။
အဆိုပါ အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာ ဝိစိတ္တာရာမ (မွန်) ကျောင်းတိုက် ဆရာတော် သာသန နုဂ္ဂဟ ဓမ္မာစရိယ၊ သာသနဟိတ ကာရီ ဓမ္မာစရိယ ဒေါက်တာ အရှင်ပညာသီရိ (မေတ္တာရှင်-ကြယ်တစ်ပွင့်) အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူ ကြပြီး၊ ခေတ္တ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဌေးအောင် နှင့် ဇနီး ဒေါ်ရီရီစိုး၊ ဌာမှူးများ၊ ဌာနခွဲမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညို ကြပါသည်။










