ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကစ္ဆပနဒီ (၃) ခရီးသည်တင် အမြန်ရေယာဉ် အသစ် အပြီးသတ် တည်ဆောက် ပြီးစီးမှုကို သွားရောက် စစ်ဆေးရန် ဂျပန်နိုင်ငံသို့ သွားရောက်။

ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲတွင်အသုံးပြုရန် အတွက် ဂျပန် နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်း သွား “ကစ္ဆပနဒီ-၃” အမြန်ရေယာဉ် အသစ်ကို ဂျပန်နိုင်ငံတွင် အသစ် တည်ဆောက်လျှက် ရှိရာ ယခုအခါ တည်ဆောက်ရေး လုပ်ငန်း များ အပြီးသတ် ဆောင်ရွက်လျှက် ရှိပါသည်။ "ကစ္ဆပနဒီ-၃" ရေယာဉ်သစ်ကို ပင်လယ်ပြင်တွင် စမ်းသပ် မောင်းနှင်မှု (Sea Trail) ကို လိုက်ပါ ကြည့်ရှု့ စစ်ဆေးရန်နှင့် ရေယာဉ်သစ်တွင် လိုအပ်ချက်များ ရှိပါက ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အတွက် ဂျပန်နိုင်ငံ Japan International Cooperation System (JICS) ၏ ဖိတ်ကြားချက် အရ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း ဦးဆောင်ပြီး၊ ဒုတိယ အထွေထွေ မန်နေဂျာ (အင်ဂျင်နီယာ) ဦးစိုးမြင့်၊ ဒုတိယ အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးဝင်းကိုအောင် နှင့် ရခိုင် ဌာနခွဲ လက်ထောက် အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်တို့ လိုက်ပါလျှက် ၂၀.၁.၂၀၁၉ ရက်နေ့ မြန်မာ စံတော်ချိန် ၂၂:၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန် အမျိုးသား လေကြောင်းလိုင်း ANA 814 ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။
 

u_zaw_win_departure