သံပြားဟောင်း ခန့်မှန်း အလေးချိန် (၁၄၁.၇၃) တန် ခန့်အား တည်ရှိရာ ဒေသနှင့် အခြေအနေအလိုက် လက်ရှိ မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့် လေလံပွဲ ကျင်းပ
သံပြားဟောင်း ခန့်မှန်း အလေးချိန် (၁၄၁.၇၃) တန် ခန့်အား တည်ရှိရာ ဒေသနှင့် အခြေအနေအလိုက် လက်ရှိ မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့် လေလံပွဲ ကျင်းပ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒလ သင်္ဘောကျင်းနှင့် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းတို့ရှိ သံပြားဟောင်း ခန့်မှန်း အလေးချိန် (၁၄၁.၇၃) တန် ခန့်အား တည်ရှိရာ ဒေသနှင့် အခြေအနေ အလိုက် လက်ရှိ မျက်မြင် အခြေအနေအတိုင်း လေလံတင်ရောင်းချမည့် အိတ်ဖွင့် လေလံ (Open Bidding) ပွဲကို (၅.၃.၂၀၁၈) ရက်နေ့ (၁၄:၁၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ကွပ်ကဲ ခန်းမတွင် ကျင်းပပြုလုပ်ရာ အထွေထွေမန်နေဂျာ ဦးဌေးအောင်နှင့် လေလံတင် ထုခွဲ ရောင်းချရေး ကော်မီတီ အဖွဲ့ဝင်များ၊ အိတ်ဖွင့် လေလံ ဝင်ရောက် ယှဉ်ပြိုင်ကြသူများ တက်ရောက်ကြပါသည်။