ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် အသုံးပြုရန်အတွက် စက်သုံးဆီ(ဒီဇယ်ဆီ)များကို (မြန်မာကျပ်ငွေ)ဖြင့် ဝယ်ယူရန် အပြိုင်ဈေးနှုန်းလွှာ တင်သွင်းရန် ဖိတ်ခေါ်ခြင်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်၊ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လ) တွင် အသုံးပြုရန်အတွက် ဒီဇယ်ဆီ (ရိုးရိုး) (၄၀၀၀၀) ဂါလန်ကို (မြန်မာကျပ်ငွေ) ဖြင့် ဝယ်ယူရန် ရှိပါသဖြင့် အပြိုင်ဈေးနှုန်းလွှာများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
