Skip to main content
    
      
    
  
  
  
    
      
  
    
    
    
      
    
    
 
 
     
   
  
 
  
  
    
      
  
  
  
    
    
ပန်းဆိုးတန်း-ဒလကူးတို့လမ်းတွင် ချယ်ရီရေယာဉ်များဖြင့် စတင်ပြေးဆွဲခြင်း အထိမ်းအမှတ်အဖြစ် (၁၆.၁၁.၂၀၁၄) ရက်နေ့၊ (၁၇.၁၁.၂၀၁၄) ရက်နေ့နှင့် (၁၈.၁၁.၂၀၁၄) ရက်နေ့ များတွင် ချယ်ရီရေယာဉ် များဖြင့် လိုက်ပါသည့် ခရီးသွားပြည်သူများအား ရေယာဉ် စီးနင်းခကောက်ခံခြင်း မပြုဘဲ မေတ္တာဖြင့် ပြေးဆွဲပေး သွားမည်။
- ဂျပန်နိုင်ငံအစိုးရ JICA အထောက်အပံ့ဖြင့် တည်ဆောက်ပေးခဲ့သည့် ချယ်ရီ ကူးတို့ရေယာဉ် (၃) စီးနှင့် ရန်ကုန်မြို့ ဒလဘက်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတား (၂)စင်းအား လုပ်ငန်းအပ်နှံ တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ၁၅.၁၁.၂၀၁၄ ရက် (စနေနေ့)၊ နံနက် (ဝ၉း၃၀) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းတို့တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်။
 - ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးလမ်းတွင် လက်ရှိ ရေယာဉ်ပြေးဆွဲနေမှုမှာ (၂၀) မိနစ်လျှင် (၁) ခေါက်နှုန်းဖြင့် တစ်ရက်လျှင် (၄၆) ခေါက် ပြေးဆွဲပေး လျက်ရှိရာ ချယ်ရီရေယာဉ် သစ်များဖြင့် ပြေးဆွဲရာတွင် ခရီးသည်လိုက်ပါမှု များပြားသည့် နံနက်(၇) နာရီမှ (၁၀) နာရီ အထိနှင့် ညနေ (၄) နာရီမှ (၇) နာရီ အထိ ကာလအတွင်း ရေယာဉ် (၃) စီးစလုံးဖြင့် (၁၅) မိနစ်လျင် (၁) ခေါက် နှုန်းပြေးဆွဲပြီး ကျန်အချိန်များတွင် ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ရာ တစ်ရက်လျှင် (၅၂) ခေါက်နှုန်း ပြေးဆွဲပေး သွားမည်ဖြစ်ပါသည်။ ခရီးသည်ခ နှုန်းထား များကိုလည်း တိုးမြှင့်ကောက်ခံခြင်း မပြုဘဲ လက်ရှိနှုန်းထား အတိုင်းပြေးဆွဲပေး သွားမည်ဖြစ် ပါသည်။
 - ချယ်ရီရေယာဉ်များ စတင်ပြေးဆွဲခြင်း အထိမ်းအမှတ်အဖြစ် (၁၆.၁၁.၂၀၁၄) ရက်နေ့၊ (၁၇.၁၁.၂၀၁၄) ရက်နေ့နှင့် (၁၈.၁၁.၂၀၁၄) ရက်နေ့ များတွင် ချယ်ရီရေယာဉ် များဖြင့် လိုက်ပါသည့် ခရီးသွားပြည်သူ များအားရေယာဉ် စီးနင်းခကောက်ခံခြင်း မပြုဘဲ မေတ္တာဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ပါသည်။