လပွတ္တလုပ်- ရေပေါ်ကြီး ဇက်ကူးတို့ လမ်းအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက် ၁၁၀ ရေယာဉ်ဖြင့် စတင်ပြေးဆွဲ
postdate
လပွတ္တလုပ်- ရေပေါ်ကြီး ဇက်ကူးတို့ လမ်းအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက် ၁၁၀ ရေယာဉ်ဖြင့် စတင်ပြေးဆွဲ
ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်ရှိ အလယ်ကျွန်း ဒေသခံများ သွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့နယ်၊ လပွတ္တလုတ်တောင် ကျေးရွာရှိ လပွတ္တလုတ်ချောင်း ဇက်ကူးဆိပ်နှင့် ငပုတောမြို့နယ်၊ အလယ်ကျွန်းဒေသ၊ ရေပေါ်ကြီးကျေးရွာ သက္ကယ်သောင်မြစ် ဇက်ကူးဆိပ်သို့ ပြေးဆွဲပေးမည့် လပွတ္တလုပ်- ရေပေါ်ကြီး ဇက်ကူးတို့ လမ်းအား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက် ၁၁၀ ရေယာဉ်ဖြင့် (၁၅.၆.၂၀၁၈) ရက် နေ့မှ စတင်၍ တစ်နေ့လျှင် (၂) ခေါက်နှုန်းဖြင့် စမ်းသပ် ပြေးဆွဲ ပေးသွားမည် ဖြစ်ပြီး ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု ပေါ်မူတည်၍ ခေါက်ရေ တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ပါသည်။
ကောက်ခံမည့် ခရီးသည်ခ၊ ကုန်တင်ခ၊ မော်တော်ယာဉ် တင်ဆောင်ခ နှုန်းထားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
- ခရီးသည် တစ်ဦးလျှင် - ကျပ် ၅၀၀/-
 - အထွေထွေကုန် တစ်ပိဿာလျှင် - ကျပ် ၁.၆၀/-
 - အထွေထွေကုန် တစ်တန်လျှင် - ကျပ် ၁၀၀၀/-
 - အိမ်စီးကား အမျိုးမျိုးနှင့် ၂ တန်အောက် ယာဉ်များ - ကျပ် ၄၀၀၀/-
 - ကားလတ် (ဒိုင်နာ၊ ကန်တာ၊ တီ-၂၁၀၀ နှင့် ၃တန်အထိ ယာဉ်များ) - ကျပ် ၆၀၀၀/-
 - ၃ တန်ခွဲမှ ၆ တန်ထိ ယာဉ်များ - ကျပ် ၈၀၀၀/-
 - ၆ တန်နှင့် အထက်ယာဉ် ၁၂ တန်အထိ - ကျပ် ၁၀၀၀၀/-
 - စက်ဘီး - ကျပ် ၅၀၀/-
 - ဆိုက်ကား - ကျပ် ၁၀၀၀/-
 - မော်တော်ဆိုင်ကယ် - ကျပ် ၂၀၀၀/-
 - နောက်တွဲယာဉ် (သုံးဘီး - ကျပ် ၃၀၀၀/-
 - နောက်တွဲယာဉ် (လေးဘီး) - ကျပ် ၄၀၀၀/-
 - ဆိုက်တွဲ - ကျပ် ၃၀၀၀/-
 - ဒိန်းဒေါင်း - ကျပ် ၄၀၀၀/-
 



