ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကျောက်တော်-ပလက်ဝ ခရီးလမ်းအား အပါတ်စဉ် ပြေးဆွဲခြင်း
- ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဒေသအတွင်းရှိ ပြည်သူများ ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ သယ်ယူပို့ဆောင်စရိတ်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးတို့အတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ ကျောက်တော်-ပလက်ဝ ခရီးလမ်းအား ရေနယား-၁ ရေယာဉ်ဖြင့် (၂၄-၁၂-၂၀၂၁) ရက်နေ့မှစ၍ အပတ်စဉ် (အင်္ဂါ၊ သောကြာ) နေ့ရက်များတွင် ပြေးဆွဲလျက်ရှိပါသည်။
- ရေယာဉ်ထွက်ခွါချိန်များအနေဖြင့် ကျောက်တော်မြို့မှ (၀၇:၀၀)အချိန် ထွက်ခွာပြီး၊ (၁၅:၀၀) အချိန် ပလက်ဝမြို့သို့ ရောက်ရှိပြီး ညအိပ်ရပ်နားမည်ဖြစ်ပါသည်။ အပြန်ခရီးစဉ်အား (ဗုဒ္ဓဟူး၊ စနေ) နေ့တိုင်း ပလက်ဝမြို့မှ (၀၇:၀၀) အချိန် ထွက်ခွာပြီး (၁၅:၀၀) အချိန် ကျောက်တော်မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။
- ရေယာဉ် အခနှုန်းထားအနေဖြင့် ခရီးသည် တစ်ဦးလျှင် (၁၈၀၀/-)ကျပ်နှုန်းနှင့်ကုန်တစ်တန်လျှင် (၁၁၂၀၀/-) ကျပ်နှုန်း ဖြစ်ပါသည်။