စီမံရေးရာဌာန

စီမံရေးရာဌာနကို ဌာနအကြီးအကဲဖြစ်သော ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအကြီးအကဲဖြစ်သော အထွေထွေမန်နေဂျာ တို့ဖြင့် ပါဝင်ဖွဲ့စည်း ထားပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့၏ ဦးဆောင်မှုဖြင့် စီမံရေးရာဌာနကို ဒုတိယအထွေထွေမန်နေဂျာ(စီမံ)မှ ကွပ်ကဲ တာဝန်ယူဆောင် ရွက်လျှက်ရှိပါသည်။စီမံရေးရာဌာနကို ဒုတိယအထွေထွေမန်နေဂျာမှ ဦးဆောင်၍ စီမံဌာနခွဲကို မန်နေဂျာတစ်ဦး ၊ထောက်ပံ့ရေးဌာနခွဲကို မန်နေဂျာတစ်ဦးမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ (၂၀ဝ၃)ခုနှစ်၊ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဖွဲ့စည်းပုံအရ (၃၀.၁၂.၂၀ဝ၃)နေ့မှစ၍ လ/ထအထွေထွေမန်နေဂျာ ရာထူးများဖြည့်စွက် ခန့်ထားခဲ့ပြီး လ/ထအထွေထွေမန်နေဂျာများမှ စီမံဌာနခွဲ နှင့်ထောက်ပံ့ရေးဌာနခွဲ ဌာနခွဲမှူးများအဖြစ် တာဝန်များကို တိုးမြှင့်ဆောင်ရွက်လျှက် ရှိပါသည်။

စီမံရေးရာဌာနလက်အောက်တွင်အောက်ပါဌာနခွဲများရှိပါသည်-

(က) စီမံဌာနခွဲ

       (၁) စီမံဌာနခွဲ

       (၂) မြို့ပြဌာနခွဲ

       (၃) ဆေးဌာနခွဲ

( ခ ) ထောက်ပံ့ရေးဌာနခွဲ ဟူ၍ဖြစ်ကြသည်။