Dalla Dockyard

Facts about Dalla Dockyard

(1)LocationDalla Township
(2)Area30 acres
(3)>Year established1852
(4)No. of slipway14 slipways
(5)Maximum docking for one time34 vessels

Vessels under repair at "Dalla Dockyard"

Vessels under repair at "Dalla Dockyard"

ဒလသင်္ဘောကျင်းသည် ဧရိယာဧက (၃၀) ကျယ်ဝန်းပြီး ၁၈၅၂ ခုနှစ်ခန့်ကပင် အင်္ဂလိပ်အစိုးရမှ စတင် တည်ဆောက် အသုံးပြုခဲ့ပါသည်။ ၁၈၇၅ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီလီမိတက်သို့ နှစ်ရှည် လုပ်ပိုင်ခွင့်ဖြင့် ငှါးရမ်းခဲ့ပြီး ၁၉၀၈ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာကုမ္ပဏီမှ သင်္ဘောကျင်းအား အပြီးအပိုင် ဝယ်ယူ၍ လွန်းကျင်းများအား တိုးချဲ့ တည်ဆောက်ခဲ့ပါသည်။

ဒလသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ သက်တမ်း ရှည်ကြာဆုံးနှင့် ရေယာဉ်ကြီးများ ပြုပြင် တည်ဆောက်ရာ နေရာဖြစ်သည်။ ၂၀ဝ၂ ခုနှစ်တွင် ရေယာဉ်များ ပြုပြင်နိုင်သည့် ရေလုံကျင်းတစ်ခုအား တည် ဆောက် ပြီးစီးခဲ့သည်။ ဒလကျင်းသည် ယခင်က ကြေးသွန်းလုပ်ငန်း ဖြင်‌့ ထင်ရှားခဲ့သည်။ ၂၀ဝ၈ ခုနှစ်၊ လေမုန်တိုင်း တိုက်ခတ်စဉ်က နှစ်မြုပ် ကမ်းတင်ခဲ့သည့် ဌာနပိုင် ရေယာဉ်ကြီးများကို အချိန်မီ ပြုပြင်မွမ်းမံကာ သက်ဆိုင်ရာ ခရီးစဉ်များတွင် ပြေးဆွဲနိုင်ရန် ပြင်ဆင်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ဌာနလုပ်ငန်းသုံး ရေယာဉ်၊ တွဲယာဉ်သစ်များတည်ဆောက်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ အပ်နှံသည့် ရေယာဉ်နှင့် ကုန်တင်တွဲများ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်၊ ၁၉၈၈ မှ ယနေ့အထိ ရေယာဉ်/တွဲယာဉ် (၃၇) စင်းအား တည်ဆောက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀ဝ၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ငန်းပြပညာသင် (Docker Service) (၉၆၈) ဦး နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်း ၁၈၈၉ မှ ၂၀၁၀ အထိ သင်တန်း (၁၅) ခု နှင့် သင်တန်းသား (၆၀၅) ဦးတို့အား လေ့ကျင့်ပေးခဲ့သည်။