Cargo Transport Department

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းသက်သက် ဆောင်ရွက်ရန် သယ်ယူ ပို့ဆောင်ရေးဌာနကြီး လက်အောက်တွင် သင်္ဘောကြီးဌာန၊ ကုန်တွဲနှင့် ဆိပ်ကမ်းဌာနဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ (၁၉၄၂)ခုနှစ်နောက်ပိုင်းမှစ၍ (၁၉၇၂) ခုနှစ်အထိဖြစ်ပါသည်။ (၁၉၇၂)ခုနှစ် ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းချိန်မှစ၍ သယ်ယူပို့ဆောင်ရေးဌာန လက်အောက်ရှိ ဌာနခွဲ (၁)ခုအဖြစ် ကုန်ပို့ဆောင်ရေးဌာနခွဲကို ဖွဲ့စည်းပြီး ကုန်စည်ပို့ဆောင်မှုလုပ်ငန်းကိုဆောင်ရွက်ခဲ့ပါသည်။

(၂၀ဝ၃)ခုနှစ်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင် ဖွဲ့စည်းသည့်အခါ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် အတွက် ယခင်သယ်ယူပို့ဆောင်ရေးဌာနလက်အောက်ရှိ ကုန်ပို့ဆောင်ရေးဌာနခွဲကို ကုန်စည်ပို့ဆောင်ရေးဌာန အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ပါသည်။ ယင်းဌာန၏ လက်အောက်တွင် ကုန်စည် ပို့ဆောင်သည့် လုပ်ငန်းနှင့်ရေယာဉ်များကို အနီးကပ် စီမံခန့်ခွဲရန် ကုန်ပို့ဆောင်ရေး ဌာနခွဲကို ရန်ကုန်၊ ဘိုတထောင်ဆိပ်ကမ်းတွင် ဌာနခွဲရုံး ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက် လျှက်ရှိပါသည်။

လုပ်ငန်းတာဝန်များ

  • ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့်မြစ်ဝကျွန်းပေါ်ဒေသများမှ ဆန်စပါး၊ ဘိလပ်မြေ၊ သစ်လုံး၊ သစ်ခွဲသား၊ကျောက်စရစ်၊ရေနံထွက် ပစ္စည်းများ၊ကျောက်မီးသွေး၊ရေနံမီးသွေး စသည်ဖြင့် ဝန်ကျယ်ပြီး တစ်ကြိမ်တည်းအမြောက်အများသယ်ရမည့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးရန်။
  • နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက်အရ ပို့ဆောင်ရန်ရှိသည့် စက်ပစ္စည်းများ၊မော်တော်ယာဉ်ကြီး များနှင်‌့ လေးလံသည့်ကုန်ပစ္စည်းများကို ဦးစားပေးသယ်ယူပို့ဆောင်ပေးရန်တို့ဖြစ်ပါသည်။

သယ်ယူပို့ဆောင်ပေးလျက်ရှိသည့်ကုန်ပစ္စည်းများ

(က) ဘိလပ်မြေ၊ ဆန်စပါး၊ဆောက်လုပ်ရေးပစ္စည်းများ
(ခ) သစ်လုံး၊ သစ်ခွဲသားများ
(ဂ) ကျောက်စရစ်
(ဃ) ဌာနဆိုင်ရာကုန်ပစ္စည်းများ၊ ယာဉ်ယန္တယားနှင့်လေးလံသည့်စက်ကိရိယာပစ္စည်းများ

ဈေးသင်္ဘော

ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိဒေသခံပြည်သူများ အထက်/အောက်ကုန်ပစ္စည်းများကို အလွယ်တကူဝယ်ယူနိုင်ရန်အတွက် ယခင်ပြေးဆွဲ ခဲ့သည့်ဈေးသင်္ဘောပုံစံအတိုင်းပြန်လည်ပြေးဆွဲမှုကို (၁၉၉၃)ခုနှစ်မှစ၍"မြ"အမျိုးအစားရေယာဉ်ကြီးများနှင့် ကုန်တွဲ(၂)တွဲဖြင့်ပြန်လည် စတင်ပြေးဆွဲခဲ့ပါသည်။ဈေးသင်္ဘောကြီးများကိုပြေးဆွဲရာတွင် ပုဂ္ဂလိကကုန်ပစ္စည်းအရောင်းဆိုင်များသာမက ပုဂ္ဂလိကဈေးဆိုင်များ ဖွင့်လှစ်ပြီး ရန်ကုန်မှ မန္တလေး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းများတွင် ရပ်နားရောင်းချပေးလျက် ရှိပါသည်။

ကုန်ပို့ဆောင်မှုစနစ်

(က) တန်ဆာစနစ်
(ခ) ရေယာဉ် /တွဲယာဉ်ငှားရမ်းစနစ်
(ဂ) ကုန်တွဲများပြုပြင်ငှားရမ်းစနစ် တို့ဖြစ်ကြပါသည်။