“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း_မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Second Secretary (Economic and Development Assistance Section) Mr. Yoshimasa KASAI အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည်_မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ Second Secretary (Economic and Development Assistance Section) Mr. Yoshimasa KASAI အား (၂.၉.၂၀၁၆) ရက်နေ့ (၁၁:၃၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံတွေ့ဆုံ ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ အစိုးရမှ ပေးအပ် လှူဒါန်းမည့် ရခိုင်ပြည်နယ် ဒေသအတွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပေါ် လိုအပ်လျက် ရှိသော စစ်တွေ-မြေပုံ-ကျောက်ဖြူ-မာန်အောင်-တောင်ကုတ် ခရီးလမ်းတွင် အသုံးပြုရန် သင့်လျော်သည့် ခရီးသည် ပို့ဆောင်ရေး အမြန်ရေယာဉ်များနှင့် စပ်လျဉ်း၍
 ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင်လည်း တက်ရောက် ပါသည်။
 
Yoshimasa KASAI