ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးသည် ဇူလိုင်လ (၂၅) ရက် နံနက် (၁၀) နာရီ အချိန်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတမ်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရုံးချုပ် သို့ ရောက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ အထွေထွေ မန်နေဂျာနှင့် ဌာနမှူး တို့က ကြိုဆိုကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ အမှာစကား ပြောကြားပါသည်။ ၄င်းနောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ၏ နောက်ခံသမိုင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ အခြေအနေ၊ ဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက် အခြေအနေ၊ ဝင်ငွေနှင့် အသုံးစရိတ် ၊ရေကြောင်းရေလမ်းနှင့် ခရီးသည်များ ပို့ဆောင်ပေးမှု အခြေအနေ၊ သင်္ဘောကျင်းများ၏ လုပ်ငန်းဆောင်ရွက်နှိုင်မှု အခြေအနေနှင့် ရှေ့ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များအား လည်းကောင်း၊ ၄င်းနောက် သက်ဆိုင်ရာ ဌာနမှူးများက မိမိ တာဝန်ယူ ဆောင်ရွက်နေသည့်  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား အသီးသီး ရှင်းလင်း တင်ပြကြ ပါသည်။ ထို့နောက် ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်ဆည်းမှာကြား ခဲ့ပါသည်။
  • ထို့နောက် ဒုတိယဝန်ကြီးသည် ပန်းဆိုးတမ်း ဆိပ်ခံတံတား အသစ်သို့ ရောက်ရှိလာရာ ဆိပ်ခံတံတား တည်ဆောက်ရေး စီမံကိန်းရုံးမှ တာဝန်ရှိသူများက တံတား တည်ဆောက်နေမှု အခြေအနေ ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်း ပြသပါသည်။ ထို့နောက် ဒုတိယဝန်ကြီး သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း အကြံပြု မှာကြားခဲ့သည်။
  • ၄င်းမှတဆင့် ဒုတိယဝန်ကြီးသည် ပန်းဆိုးတန်း ဒလဆိပ်ကမ်းသို့ ရောက်ရှိပြီး ဒလမြို့သို့ ထွက်ခွာမည့် ချယ်ရီ ကူးတို ့ရေယာဉ်ဖြင့် လိုက်ပါကာ ခရီးသည်လိုက်ပါ စီးနင်းမှု အခြေအနေ ဒလဆိပ်ကမ်းရှိ ဆိပ်ခံတံတား နှင့် ရန်ကုန်သို့ လိုက်ပါကြမည့် ခရီးသည် တို့အား ကြည့်ရှု စစ်ဆေးပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဒလ သင်္ဘောကျင်းသို့ သွားရောက်၍ ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးရုံး အစည်းအဝေး ခန်းမတွင် ဒုတိယဝန်ကြီးအား ဒလ သင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီး ဦးဌေးအောင်က ဒလ သင်္ဘောကျင်း တွင်ရေယာဉ်များ ကျင်းတင်ပြင်ဆင်နေမှု တို့အား သွားရောက်ကြည့်ရှု့ စစ်ဆေးပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်း မှာကြား ခဲ့ကြောင်း သိရှိရသည်။
u kyaw myo

 

checking

 

 checking

 

checking

 

checking

 

checking

 

checking

 

checking

 

checking

 

checking

 

checking

 

checking

 

checking