ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသတွင် အသုံးပြုရန်အတွက် ခရီးလမ်းနှင့် သင့်လျော်မည့် ခရီးသည်တင် အမြန်ရေယာဉ်များ အမြန်ဆုံး ပေးအပ် လှူဒါန်းနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ရေကြောင်း ကျွမ်းကျင် ပညာရှင်များ ပါ၀င်သည့်အဖွဲ့ဖြင့် ကွင်းဆင်း လေ့လာမည်။

ဂျပန်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသတွင် အသုံးပြုရန်အတွက် ခရီးလမ်းနှင့် သင့်လျော်မည့် ခရီးသည်တင် အမြန်ရေယာဉ်များ အမြန်ဆုံး ပေးအပ် လှူဒါန်းနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ရေကြောင်း ကျွမ်းကျင် ပညာရှင်များ ပါ၀င်သည့် အဖွဲ့ဖြင့် ကွင်းဆင်း လေ့လာမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် ဂျပန်နိုင်ငံ အစိုးရတို့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှုအရ ရခိုင်ပြည်နယ်ဒေသ အတွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပေါ် လိုအပ်လျက်ရှိသော စစ်တွေ-မြေပုံ-ကျောက်ဖြူ-မာန်အောင်-တောင်ကုတ် ခရီးလမ်းတွင် အသုံးပြုရန် သင့်လျော်သည့် ခရီးသည် ပို့ဆောင်ရေး အမြန် ရေယာဉ်များအား  ဂျပန်နိုင်ငံအစိုးရမှ အမြန်ဆုံး ပေးအပ်လှူဒါန်းရန် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ခရီးလမ်းများတွင် ပြေးဆွဲမည့် ရေလမ်းခရီးနှင့် ပေးအပ် လှူဒါန်းမည့် ရေယာဉ်များ သင့်လျော် ကိုက်ညီမှု ရှိ/မရှိအား စစ်ဆေး အတည်ပြုရန် လိုအပ်သည့် အတွက် ဂျပန်နိုင်ငံမှ Japan Marine Science Inc., Overseas Business Group မှ ရေကြောင်း ကျွမ်းကျင် ပညာရှင်များဖြစ်သည့် Researcher Mr. Akio MARUYAMA နှင့် Mr. Toshiyuki TAKASAKI  ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင် နှင့် ရေကြောင်း ဆိုင်ရာ ကျွမ်းကျင် အရာရှိများ၊ ပြည်နယ်မှ တာဝန်ရှိသူများ  ပါဝင်သည့် အဖွဲ့သည် (၂၁.၇.၂၀၁၆) ရက်နေ့မှ (၂၅.၇.၂၀၁၆) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်၍ ၄င်းမှ တစ်ဆင့် စစ်တွေ-မြေပုံ-ကျောက်ဖြူ၊ ကျောက်ဖြူ-တောင်ကုတ်၊ တောင်ကုတ်-မာန်အောင်-တောင်ကုတ် ခရီးစဉ်များအတိုင်း MALIKHA EXPRESS ရေယာဉ်အား Survey Boat အဖြစ် သီးသန့် အသုံးပြု၍ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။