ရေယာဉ်/ တွဲယာဉ်ဟောင်း (၄၉) စီးကို တစ်စီးခြင်း အစင်းလိုက် စနစ်ဖြင့် အိတ်ဖွင့် လေလံပွဲ ကျင်းပ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် ကြာရှည် ရပ်နားထားပြီး ပြန်လည် ပြုပြင် သုံစွဲရန် မသင့်လျော်တော့သည့် ရေယာဉ်/ တွဲယာဉ်ဟောင်း (၄၉) စီးကို တစ်စီးခြင်း အစင်းလိုက်စနစ်ဖြင့် မျက်မြင် အခြေအနေအတိုင်း လေလံတင် ရောင်းချမည့် အိတ်ဖွင့် လေလံ ဖွင့်ပွဲကို (၂၇.၂.၂၀၁၈) ရက်နေ့ (၁၀:ဝ၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ကွပ်ကဲ ခန်းမတွင် ကျင်းပ ပြုလုပ်ရာ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ အထွေထွေ မန်နေဂျာ ဦးဌေးအောင်နှင့် လေလံတင် ထုခွဲ ရောင်းချရေး ကော်မီတီ အဖွဲ့ဝင်များ၊ အိတ်ဖွင့် လေလံ ဝင်ရောက် ယှဉ်ပြိုင်ကြသူများ တက်ရောက်ကြပါသည်။