“မြို့နယ် မန်နေဂျာနှင့် စာရေးဝန်ထမ်း မွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၁၆)” သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သယ်ယူ ပို့ဆောင်ရေးဌာနမှ ““မြို့နယ်မန်နေဂျာနှင့် စာရေးဝန်ထမ်း မွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၁၆)”” သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
ရန်ကုန်၊ သြဂုတ် (၂၆) ရက်

  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သယ်ယူ ပို့ဆောင်ရေး ဌာနမှ ““မြို့နယ် မန်နေဂျာနှင့် စာရေးဝန်ထမ်း မွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၁၆)”” သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ (၂၆) က် နံနက် (၀၉:၃၀) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကွပ်ကဲခန်းမ၌ ကျင်းပပြု လုပ်သည်။
  • သယ်ယူ ပို့ဆောင်ရေးဌာန၊ ဒုတိယ အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးပြည်ငြိမ်းမှ မြို့နယ် မန်နေဂျာနှင့် စာရေးဝန်ထမ်း မွမ်းမံ သင်တန်းသားများအား  အထွေထွေ မန်နေဂျာ ထံသို့ တန်းအပ် ပါသည်။
  • ၄င်းနောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်မှ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူ လူထုနှင့် အများဆုံး ထိတွေ့ ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ရုံးလုပ်ငန်းများကို လုပ်ထုံး လုပ်နည်း နှင့်အညီ စနစ်တကျ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ပြီး မွမ်းမံ သင်တန်းတွေကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်ကြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက် လာတာနှင့် အညီခေတ်ဟောင်း စနစ်ဟောင်းတွေကို ထားခဲ့ပြီး ခေတ်သစ်၊ စနစ်သစ်ကို ရောက်နေပြီဖြစ် တဲ့အတွက် ဝန်ထမ်းများနေနဲ့ အလုပ်အပေါ် တာဝန်ကျေပွန် ဖို့နှင့် ကြိုးစားကြဖို့ တိုက်တွန်း လိုပါကြောင်း၊ ဌာန ဝင်ငွေရရှိဖို့ အဘက်ဘက်က လေလွင့်မှု မရှိအောင် ဆောင်ရွက်ကြ ရမည့်အပြင် ဝင်ငွေကို တိုးတက် ရှာဖွေပြီး အသုံးစရိတ်ကို လျော့ချ ရမှာ ဖြစ်ကြောင်း မြို့နယ် မန်နေဂျာများ၊ စာရေးများ အနေနဲ့ ရိုးသား ၊ကြိုးစားကြဖို့နဲ့ ဌာနအပေါ် သစ္စာရှိရှိ ပူးပေါင်းဆောင်ရွက် သွားကြဖို့ ပြောကြား ပါသည်။
  • ထို့နောက် အထွေထွေ မန်နေဂျာက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသား များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်း အနားပြီးဆုံးခဲ့ ပါသည်။
  • ယခု ဖွင့်လှစ်သည့် ““မြို့နယ် မန်နေဂျာနှင့် စာရေးဝန်ထမ်း မွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၁၆)”” သင်တန်းကို (၂၂.၈.၂၀၁၆) ရက်နေ့မှစ၍ ရက်သတ္တ တစ်ပတ်ကြာ သင်ကြား ပို့ချပေး ခဲ့ပြီး သယ်ယူ ပို့ဆောင်ရေး ဌာနခွဲအောက်ရှိ မြို့နယ် မန်နေဂျာနှင့် စာရေးဝန်ထမ်း သင်တန်းသား စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
training

 

training

 

training

 

training

 

training

 

training

 

training

 

training