“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်၀င်း SA Marin Co. Ltd. မှ Mr.Taishi Yamamoto နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ"

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်၀င်း SA Marin Co. Ltd. မှ Mr.Taishi Yamamoto နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည် SA Marin Co. Ltd. မှ Mr.Taishi Yamamoto နှင့်အဖွဲ့အား (၂၃.၇.၂၀၁၆) ရက်နေ့ (၁၂း၃၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံတွေ့ဆုံ ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဂျပန်နိုင်ငံ အစိုးရ၊ JICA အစီအစဉ်ဖြင့် S.A Marine Co., Ltd မှ အကောင် အထည်ဖေါ် ဆောင်ရွက် လျက်ရှိသော ဘက်စုံသုံး ကွန်တိန်နာ တွဲရေယာဉ် တည်ဆောက်ပြီး စမ်းသပ် ခုတ်မောင်းပြေးဆွဲမှု အ‌ခြေအနေနှင့် S.A Marine Co., Ltd မှ ကျင်းပ ပြုလုပ်မည့် Seminar for Inland Water Transportation နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ အထွေထွေမန်နေဂျာ (အင်ဂျင်နီယာ) ဦးစိုးမြင့် ၊ ဒုတိယ အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးပြေငြိမ်း နှင့် ဒုတိယ အထွေထွေ မန်နေဂျာ (ကုန်စည်) ဦးလူမော်ထွန်းနွဲ့ တို့ တက်ရောက်ကြပါသည်။

inland_water

 

inland_water

 

inland_water